နေပြည်တော် ၂၀  ဧပြီ

 

မူးယစ်တပ်ဖွဲ့စု(၁) ဗန်းမော်မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ဧပြီ ၁၉ ရက် ညနေပိုင်းက မံစီမြို့နယ်၊ မံရံကျေးရွာအနီး ကားလမ်းပေါ်တွင် နိုင်ဟိန်းအောင် (ခ) ဖိုးပြား မောင်းနှင်ပြီး ကွမ်းခေး (ခ) နေဇင်ထွန်း လိုက်ပါလာသည့် မော်တော်ဆိုင်ကယ်ကို ရပ်တန့်စစ်ဆေး ရှာဖွေရာ စိတ်ကြွရူးသွပ် ဆေး ၁,၃၀၉ ပြား၊ ငွေကျပ် ၃၀,ဝ၀ဝ နှင့် လက်ကိုင်ဖုန်းတစ်လုံးတို့ကို သိမ်းဆည်းရမိခဲ့သည်။

 

ထို့အတူ ဧပြီ ၁၉ ရက် ဝ၀ နာရီ ၃၀ မိနစ်က မူးယစ်တပ်ဖွဲ့စု (၁၇) မန္တလေး (မြောက်ပိုင်း) မှ တပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် အောင်မြေသာစံမြို့နယ်၊ မေဃဂီရိရပ်ကွက်၊ အကွက် အမှတ် (၁၄၆)၊ ၁၈ လမ်းနှင့် ၁၉ လမ်းကြား၊ လမ်း ၈၀ နှင့် ၈၁ လမ်းကြားရှိ တင်မောင်လွင်၏ နေအိမ်ကို ရှာဖွေရာ စိတ်ကြွရူးသွပ် ဆေးပြား ၁၁,၈၀ဝ၊ ဆာလဖျူရစ်အက်စစ် သုည ဒသမ ဝ၈ လီတာ၊ ဟိုက်ဒရိုကလိုရစ်အက်စစ် သုည ဒသမ ဝ၆ လီတာ၊ အက်စစ် တစ်အင်ဟိုက်ဒြိုက် သုည ဒသမ ၁၁ လီတာ၊ အက်စစ်တစ်အက်စစ် သုည ဒသမ ဝ၅ လီတာ၊ အက်စီတုန်း သုည ဒသမ ဝ၁၅ လီတာ၊ ဝမ်းဖီနိုင်း-တူးပရိုပန်နုန်း သုည ဒသမ ဝ၁ လီတာ၊ အက်ဖီဒရင်း သုည ဒသမ ဝ၂ ကီလို၊ ငွေကျပ်သိန်း ၂၀ဝ၊ ရွှေထည်မျိုးစုံဖြစ်သည့် ဆွဲကြိုးတစ်ကုံး၊ ဟန်းချိန်းတစ်ကုံး၊ လက်စွပ်တစ်ကွင်း၊ နားကပ်တစ်ရံ၊ ဘဏ်ငွေစာရင်းစာအုပ် ၁၀ အုပ်၊ လက်ကိုင်ဖုန်း တစ်လုံးတို့ကိုသိမ်းဆည်းရမိခဲ့ပြီး ဆက်လက်၍ ပြည်ကြီးတံခွန်မြို့နယ်၊ ၅၈ လမ်း၊ ကျန်စစ်သားလမ်းနှင့် ဗန္ဓုလလမ်းကြားရှိ ကိုလှမြင့် မော်တော်ယာဉ် ပြုပြင်ရေးဆိုင်၌ တင်မောင်လွင် အပ်နှံထားသည့်မော်တော်ယာဉ် ၅ စီးကို ထပ်မံသိမ်း ဆည်းရမိခဲ့သဖြင့် ၄င်းတို့အား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေအရ အရေးယူထားကြောင်း ပြည်ထဲရေးဝန်ကြီးဌာနမှ သိရသည်။

 

MDN