မန်စီ   ၉  ဇန်နဝါရီ

ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ မန်စီမြို့နယ် ဘောလုံးကွင်း၌ ယနေ့ နံနက်ပိုင်းမှ စတင်ကာ အခြေခံပညာကျောင်းပေါင်းစုံ ပညာရေးစုံညီပွဲတော် အားကစား၊ စာပေနှင့် ဘက်စုံပညာ ထူးချွန်ပြိုင်ပွဲ ကျင်းပလျက်ရှိရာ ဇန်နဝါရီ ၁၀ ရက်နေ့ထိ ၂ ရက်ကြာ ကျင်းပမည်ဖြစ်ပြီး ပြိုင်ပွဲအလိုက် ဆုများကို ပြိုင်ပွဲအပြီး တစ်ဆက်တည်း ချီးမြှင့်သွားမည်ဖြစ်ကြောင်းသိရသည်။

 

mdn

 

စာပေနှင့် ဘက်စုံပညာထူးချွန်ပြိုင်ပွဲများကို အခြေခံပညာအထက်တန်းကျောင်း (မန်စီ) ၌ ဇန်နဝါရီ ၇ ရက်မှ ၈ နေ့အထိ ၂ ရက် ကျင်းပပြီးခဲ့ပြီး ဆုများကို ဇန်နဝါရီ ၁၄ ရက် ပညာရေးစုံညီပွဲတော် ကျင်းပသည့်ရက်၌ ချီးမြင့်သွားမည်ဖြစ်ကြောင်းသိရသည်။

(မြို့နယ် ပြန်/ဆက်)

 

mdn