မံစီ၊ ၁၁ ဖေဖော်ဝါရီ  

 

ကချင်ပြည်နယ် ဗန်းမော်ခရိုင် မံစီမြို့နယ် မန်ဝိန်းကြီး-ပန်ခမ်းနှင့် မန်ဝိန်းကြီး-နန့်ခါးပါ ကျေးရွာချင်းဆက်လမ်းများကို ၂၀၂၀-၂၀၂၁ ခုဘဏ္ဍာရေးနှစ် နယ်စပ်ရေးရာဝန်ကြီးဌာန၊ နယ်စပ်ဒေသဖွံ့ဖြိုးရေး ပြည်နယ်ရန်ပုံငွေဖြင့် ကတ္တရာခင်းခြင်းလုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

 

ရန်ပုံငွေကျပ် (၂၄၄ ဒသမ ၈၅၀)သန်းဖြင့် မန်ဝိန်းကြီး-ပန်ခမ်း ကျေးရွာချင်းဆက်လမ်း အရှည်(၁)မိုင် အကျယ် (၁၈)ပေ လမ်းပခုံးကွန်ကရစ် ဝဲ/ယာ (၁)ပေစီပါဝင်သည့် ကတ္တရာခင်းခြင်းလုပ်ငန်းကို လည်းကောင်း၊ ရန်ပုံငွေကျပ် (၂၄၅ ဒသမ ၃၀၀)သန်းဖြင့် မန်ဝိန်းကြီး-နန့်ခါးပါ ကျေးရွာချင်းဆက်လမ်း အရှည်(၁)မိုင် အကျယ် (၁၈)ပေ လမ်းပခုံးကွန်ကရစ် ဝဲ/ယာ (၁)ပေစီပါဝင်သည့် ကတ္တရာခင်းခြင်းနှင့် လမ်းဖောက်လုပ်မှု လုပ်ငန်းကိုလည်းကောင်း ဆောင်ရွက်လျက်ရှိနေပြီး လုပ်ငန်းများဆောင်ရွက်နေမှုကို ဖေဖော်ဝါရီ ပထမပတ်က တာဝန်ရှိသူများ သွားရောက်ကြည့်ရှု စစ်ဆေးခဲ့ကြသည်။

 

အဆိုပါ ကတ္တရာခင်းခြင်းလုပ်ငန်း ဆောင်ရွက်ပြီးစီးပါက ဒေသခံပြည်သူများ စိတ်ချမ်းမြေ့စွာဖြင့် ရာသီမရွေး သွားလာနိုင်ရန် ရည်ရွယ်၍ လုပ်ငန်းများကို ဆောင်ရွက်ခြင်းဖြစ်ကြောင်း မြို့နယ်ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံးမှ သိရသည်။

 

မြို့နယ် (ပြန်/ဆက်)