မံစီ၊ ၂ ဇန်နဝါရီ
ကချင်ပြည်နယ် မံစီမြို့နယ် ပြည်သူ့အားကစားကွင်း၌ RC အမျိုးအစား ပွဲကြည့်စင်တစ်ခု တည်ဆောက်သွားမည် ဖြစ်ကာ ပန္နက်တင်မင်္ဂလာအခမ်းအနားကို ဇန်နဝါရီ ၂ ရက် နံနက် ၉ နာရီက ကျင်းပခဲ့သည်။
အဆိုပါပွဲကြည့်စင်ကို အားကစားနှင့် ကာယပညာဦးစီးဌာန၏ ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ် ပြည်နယ်ခွင့်ပြုရန်ပုံငွေ ကျပ်(၄၂)သန်းဖြင့် တည်ဆောက်သွားမည်ဖြစ်ပြီး မံစီမြို့နယ်၌ ပထမဦးဆုံးတည်ဆောက်ခြင်းဖြစ်သည်။
အခမ်းအနားသို့ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးမင်းမင်း၊ အားကစားနှင့် ကာယပညာဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဦးသန်းဌေးကိုနှင့် တာဝန်ရှိသူများ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်ခေါင်နှင့် မြို့နယ်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။
ရိန် (ပြန်/ဆက်)


