မံစီ ၁၃ ဇူလိုင်
ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ မံစီမြို့နယ်အတွင်း အခြေခံပညာ အထက်တန်းအဆင့် ကျောင်းများ ပြန်လည်ဖွင့်လှစ်ရေးအတွက် ကျောင်းအပ်နှံ လက်ခံရေးလုပ်ငန်းများကို ယနေ့နံနက် ၉ နာရီက စတင်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ကျောင်းအပ်နှံရေးသီတင်းပတ်ကို အထက်တန်းဆင့် ဇူလိုင်လ ၁၃ ရက်နေ့မှ ၁၇ ရက်နေ့အထိ၊ အလယ်တန်းဆင့် ဇူလိုင်လ ၂၇ ရက်နေ့မှ ၃၁ ရက်နေ့အထိ၊ မူလတန်းဆင့်ကို ဩဂုတ်လ ၄ ရက်နေ့မှ ၇ ရက်နေ့အထိ သတ်မှတ်ထားသည်။
စာသင်ကျောင်းများ ပြန်လည်ဖွင့်လှစ်ရာတွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်တားဆီးရေးနှင့် လုံခြုံဘေးကင်းစွာ ဖွင့်လှစ်နိုင်ရေးအတွက် ကျောင်းသားကျောင်းသူ၊ မိဘ၊ ဆရာဆရာမများ လိုက်နာရမည့်စည်းကမ်းများ၊ စာသင်ခန်းနှင့် ကျောင်းများအတွင်း ပြင်ဆင်ဆောင်ရွက်ရမည့် အချက်များကို စံ ၁၅ ချက် သတ်မှတ်ကြောင်း သတ်မှတ်ထားသည့် စံနှုန်းအချက်နှင့် ကိုက်ညီစွာဖြင့် ဆောင်ရွက်ဖွင့်လှစ်သွားမည်ဖြစ်ပြီး မြို့နယ်မြို့နယ်ပညာရေးရုံးမှ ကြပ်မတ်ကြီးကြပ် ဆောင်ရွက်လျက်ရှိနေကြောင်း သိရသည်။
မံစီမြို့နယ်အတွင်း ဇွန်လတွင်ထုတ်ပြန်ခဲ့သည့် အောင်စာရင်းအရ Grade-9 (အဋ္ဌမတန်း)အောင်မြင်သူ (၈၇၁)ဦးနှင့် Grade-10(နဝမတန်း) အောင်မြင်သူ(၄၀၅)ဦးရှိပြီး အခြေခံပညာအထက်တန်း ကျောင်း(၆) ကျောင်းရှိကြောင်း သိရသည်။
ရိန် (ပြန်/ဆက်


