မံစီ ၃၁ မေ
ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ မံစီမြို့နယ်အတွင်း ဒေသဖွံ့ဖြိုးရေးအတွက် ဆောင်ရွက်လျက်ရှိသည့် တည်ဆောက်ရေး လုပ်ငန်းများကို ယနေ့နံနက်ပိုင်းတွင် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဉီးမင်းမင်းနှင့် မြို့နယ်အုပ်ချုပ်ရေးမှူး ဉီးကျော်ခေါင်ဉီးဆောင်သည့် မြို့နယ်တည်ဆောက်ရေး လုပ်ငန်းအရည်အသွေး စစ်ဆေးရေး ကော်မတီက ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြသည်။
လုပ်ငန်းများ စစ်ဆေးရာတွင် မံစီမြို့၊ ကောင်ရာရပ်ကွက်၌ ဆောက်လုပ်နေသည့် (၄)ခန်းတွဲ (၄)ထပ် ဝန်ထမ်း အိမ်ယာ (၂) လုံးကိုလည်းကောင်း၊ ဟန်ထက်- ဂွေ့ကြီး- မံမကောက် ကျေးရွာချင်းဆက်လမ်း ကွန်ကရစ် ခင်းခြင်းလုပ်ငန်းကိုလည်းကောင်း၊ နမ်မဖွဲကျေးရွာ (မန္တလေး-လားရှိုး-ဗန်းမော်-မြစ်ကြီးနား) ပြည်ထောင်စုလမ်းမ တံတား အမှတ်(၁/၅၇၄) သံကူကွန်ကရစ်တံတားဆောက်လုပ်မှုကိုလည်းကောင်း စစ်ဆေးခဲ့ကြပြီးလုပ်ငန်းများ အရည်အသွေး ပြည့်ဝစွာဖြင့် အချိန်မီပြီးစီးရေးအတွက် လိုအပ်သည်များကို လုပ်ငန်းဆောင်ရွက်နေသည့် တာဝန်ရှိသူများအားမှာကြားခဲ့ကြောင်း သိရသည်။
ရိန် (ပြန်/ဆက်)


