မံစီ ၁၆ ဇွန်
ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ မံစီမြို့၌ ယနေ့နံနက် ၁၀ နာရီက မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်ခေါင်နှင့် မြို့နယ်အဆင့် ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ကုသရေး ကော်မတီအဖွဲ့ဝင်များ၊ ခရိုင်လူမှုဝန်ထမ်း ဦးစီးဌာနမှ ဝန်ထမ်းများပူးပေါင်း၍ သက်ကြီးဘိုးဘွားများအား ကိုဗစ်-၁၉ ရောဂါဖြစ်ပွားသည့်ကာလအတွင်း ထပ်ဆောင်းထောက်ပံ့ငွေ တစ်ဦးလျှင် သုံးသောင်းကျပ်ကို လှည့်လည်ထောက်ပံ့ပေးအပ်ခဲ့ကြသည်။
အသက်(၈၅)နှစ်အထက် ဘိုးဘွားများကို တစ်ဦးလျှင် တစ်လ တစ်သောင်း(၁၀၀၀၀)ကျပ်နှုန်းဖြင့် သုံးလတစ်ကြိမ်ထောက်ပံ့ပေးလျက်ရှိနေကြောင်း၊ ယခုထောက်ငွေသည် ကိုဗစ်-၁၉ ရောဂါဖြစ်ပွားသည့် ကာလအတွင်း သက်ကြီးဘိုးဘွာများကို ထပ်ဆောင်းထောက်ပံ့ပေးအပ်ခြင်းဖြစ်ပြီး လူမှုဝန်ထမ်း ဦးစီးဌာနနှင့် အသက်မွေးဝမ်းကျောင်းနှင့် စားနပ်ရိက္ခာဖူလုံရေးရန်ပုံငွေအဖွဲ့တို့က ပူးပေါင်း၍ ထောက်ပံ့ပေးအပ်ခြင်းဖြစ်ကြောင်း သိရသည်။
မြို့နယ်အတွင်း အသက် ၈၅ နှစ်အထက် သက်ကြီးဘိုးဘွားများ အားလုံးကို ထောက်ပံ့ပေးအပ်သွားမည်ဖြစ်ပြီး သက်ကြီးဘိုးဘွားစုစုပေါင်း ၈၃ ဦးရှိကြောင်း သိရသည်။
ရိန် (ပြန်/ဆက်)


