ဗန်းမော် စက်တင်ဘာ   

   

ဗန်းမော်ခရိုင်၊ မန်စီမြို့နယ်၊ မံဝိန်းကြီးကျေးရွာနှင့် နန့်ခါးပါကျေးရွာခြင်းဆက် ကတ္တရာလမ်း အရှည် ()မိုင်ခင်းခြင်းလုပ်ငန်းကို ဆောင်ရွက်ခဲ့ရာ ယခုအခါ ၁၀၀ ရာခိုင်နှုန်း ဆောင်ရွက်ပြီးစီးပြီးခဲ့ကြောင်း သိရသည်။

 

နယ်စပ်ရေးရာဝန်ကြီးဌာန၊ နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနအနေဖြင့် နယ်စပ်ဒေသအတွင်းရှိ ကေျးလက်နေပြည်သူများ၏ လမ်းပန်းဆက်သွယ်ရေး ကောင်းမွန်စေရေးအတွက် ဘဏ္ဍာရေးနှစ်အလိုက် ဆောင်ရွက်ပေးလျက်ရှိရာ (၂၀၂၀-၂၀၂၁)ခု ဘဏ္ဍာရေးနှစ် နယ်စပ်ဒေသဖွံ့ဖြိုးရေး ကချင်ပြည်နယ်ရန်ပုံငွေကျပ် ၂၄၅ ဒသမ ၃ သန်းဖြင့် မံဝိန်းကြီးကျေးရွာနှင့် နန့်ခါးပါကျေးရွာခြင်းဆက် ကတ္တရာလမ်းအရှည် ()မိုင်ခင်းခြင်း (လမ်းဘေးပခုံး ကွန်ကရစ်တစ်ပေစီအပါအဝင်) လုပ်ငန်းအား ၂၀၂၁ ခုနှစ်၊ ဇန်နဝါရီ ၂၇ ရက်နေ့တွင် စတင်ဆောင်ရွက်ပြီး ၂၀၂၁ ခုနှစ်၊ ဩဂုတ် ၂၀ ရက်နေ့တွင် ၁၀၀ ရာခိုင်နှုန်းအထိ ဆောင်ရွက်ပြီးစီးပြီးခဲ့ခြင်း ဖြစ်သည်။

 

အဆိုပါ မံဝိန်းကြီးနန့်ခါးပါ ကျေးရွာချင်းဆက်လမ်းသည် မန်စီမြို့နယ်မှ မိုင်းခေါင်ကျေးရွာနှင့် မံဝိန်းကြီးသို့ သွားရာလမ်းပေါ်တွင် တည်ရှိပြီး မံဝိန်းကြီး-နန့်ခါးပါမှတစ်ဆင့် ရှမ်းပြည်နယ်မြောက်ပိုင်း နမ့်ခမ်း-မူဆယ်-မန္တလေး ပြည်ထောင်စုလမ်းမကြီးသို့ အချိန်တိုအတွင်း သွားရောက်နိုင်သောလမ်းဖြစ်၍ ဒေသအတွက် အရေးပါသော လမ်းတစ်လမ်းဖြစ်ပြီး အဆိုပါလမ်း ပြီးစီးသွားသည့်အတွက် မံဝိန်းကြီးကျေးရွာအုပ်စုရှိ ကျေးရွာ ရွာ၊ အိမ်ခြေ ၁၁၀၀ အိမ်၊ လူဦးရေ ၈၆၉၉ ဦးအတွက် လမ်းပန်းဆက်သွယ်ရေး၊ ပညာရေး၊ ကျန်းမာရေးနှင့် လူမှုစီးပွားဘဝများ ဖွံ့ဖြိုးတိုးတက်ရေးအား များစွာအကျိုးပြုမည်ဖြစ်ကြောင်း သိရသည်။

 

ခရိုင်(ပြန်/ဆက်)