မံစီ ၃၀ ဇွန်
ကချင်ပြည်နယ် ဗန်းမော်ခရိုင် မံစီမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ယနေ့နံနက် ၉ နာရီက တောင်သူများကို လယ်ယာမြေလုပ်ပိုင်ခွင့် ပုံစံ-၇ များ ပေးအပ် ခဲ့ကြောင်းသိရသည်။
ရပ်ကွက်၊ ကျေးရွာအုပ်စု လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့နှင့် တောင်သူများကို မြို့နယ်လယ်ယာမြေ စီမံခန့်ခွဲမှုကော်မတီဥက္ကဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်ခေါင်က လိုအပ်သည်များကိုမှာကြားကာ အတွင်းရေးမှူး မြို့နယ်လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာန ဦးစီးအရာရှိ ဦးမျိုးသက်ဆွေက လယ်ယာမြေလုပ်ပိုင်ခွင့် ပုံစံ-၇ များနှင့် စပ်လျဉ်း၍ ရှင်းလင်းပြောကြားပြီး နောင်စွမ်းကျေးရွာအတွင်းရှိ တောင်သူ ၉၂ ဦးအတွက် လယ်ယာမြေလုပ်ပိုင်ခွင့် ပုံစံ-၇ ၁၀၃ ခုကို ပေးအပ်ခဲ့ကြောင်းသိရသည်။
၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်အတွင်း ဒုတိယအကြိမ်မြောက် ပေးအပ်ခဲ့ခြင်းဖြစ်ပြီး လွန်ခဲ့သည့် ၂၀၁၉ ခုနှစ် နိုဝင်ဘာလတွင်လည်း နောင်လုတ်ကျေးရွာအတွင်းရှိ တောင်သူ ၁၁၄ ဦးအတွက် လယ်ယာမြေလုပ်ပိုင်ခွင့် ပုံစံ-၇ ၁၂၂ ခုကို ပေးအပ်ခဲ့ပြီးဖြစ်ကြောင်း၊ မြို့နယ်အတွင်း တောင်သူစုစုပေါင်း ၁၁၆၃ ဦးအတွက် လယ်ယာမြေလုပ်ပိုင်ခွင့် ပုံစံ-၇ ၁၃၃၃ ခုကို ပေးအပ်ခဲ့ပြီးဖြစ်ကြောင်းသိရှိရပါသည်။
ရိန် (ပြန်/ဆက်)


