မံစီမြို့နယ်တွင် တရားမဝင် သစ်သယ်ဆောင်သည့် တရုတ်နိုင်ငံသား(၁၃)ဦးနှင့် မြန်မာနိုင်ငံသား (၂)ဦးအား ဖမ်းဆီးရမိ

နေပြည်တော်  ၂၅  ဧပြီ

 

ကချင်ပြည်နယ်၊ မံစီမြို့နယ်၊ နယ်မြေခံတပ်မှ တပ်မတော်သားများသည် နယ်မြေလုံခြုံရေး ဆောင်ရွက်နေစဉ် ဧပြီလ ၂၄ ရက်နေ့ ညနေ ၃ နာရီခွဲခန့်က ပလောင်ဒိန်ဆာ-မဂျီဂွမ် နယ်မြေအတွင်း တရုတ်နိုင်ငံ၊ ယူနန်ပြည်နယ်၊ ပေါက်ချန်းမြို့ လူတန်ကျေးရွာနေ တရုတ်နိုင်ငံသား ယီတိုင်းလျှန်(၅၁)နှစ်ပါ တရုတ်နိုင်ငံသား(၁၃)ဦးနှင့် မံစီမြို့နယ်နေ ခါးတောင်(၂၁)နှစ် ပါ(၂)ဦးတို့အား ဘက်ဟိုးယာဉ်(၁)စီး၊ Loader ယာဉ်(၄)စီး၊ သစ်တင်ယာဉ် (၄၁)စီးနှင့် တရားမဝင် ကျွန်းသစ်ခွဲသားဆိုဒ်စုံ(၄၇၇၂)ချောင်း (၆၀.၉၂၉၀)တန်တို့နှင့် တွေ့ရှိ ဖမ်းဆီးရမိခဲ့သဖြင့် အရေးယူ ပေးရန်တိုင်တန်းချက်အရ ယီတိုင်းလျှန်ပါတရုတ်နိုင်ငံသား(၁၃)ဦးနှင့် ခါးတောင်ပါ (၂)ဦးအား မံစီမြို့မရဲစခန်းမှ  အမှုဖွင့် စစ်ဆေးလျက်ရှိကြောင်း ရဲပြန်ကြားမှ သတင်းရရှိသည်။

 

MDN