မံစီမြို့တွင် ဖုန်းအားသွင်းထားရာမှ အပူလွန်ကဲပြီး မီးလောင်မှုဖြစ်ပွား

မံစီ ၆ ဖေဖော်ဝါရီ


ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ မံစီမြို့၊ ကောင်ရာရပ်ကွက် ကံကော်လမ်းတွင် ဖေဖော်ဝါရီ ၆ ရက် နံနက် ၁၀ နာရီ မိနစ် ၂၀ က ဖုန်းအားသွင်းထားရာမှ အပူလွန်ကဲပြီး မီးလောင်မှုတစ်ခု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

 

123


မီးလောင်ရာသို့ ဒုတိယမီးသတ်ဦးစီးမှူး ဦးထွန်းထွန်းဦး ဦးဆောင်သည့် မီးသတ်တပ်ဖွဲ့က မီးသတ်ယာဉ် နှစ်စီးဖြင့် ၁၀ နာရီ ၂၅ မိနစ်တွင် ထိန်းနိုင်ခဲ့ပြီး ၁၀ နာရီ မိနစ် ၄၀ တွင် မီးငြှိမ်းသတ်နိုင်ကြောင်း သိရသည်။

 

123


ဦးလမျော်၏နေအိမ်ရှေ့ခန်းတွင် ဖုန်းအားသွင်းထားရာမှ အပူလွန်ကဲပြီး နံရံမှတစ်ဆင့် မီးလောင်မှုဖြစ်ခဲ့ကြောင်း ဒုတိယမီးသတ်ဦးစီးထံမှ သိရသည်။ မီးလောင်မှုတွင် ဦးလမျော်၏ (၉ ပေခန်း သုံးခန်းပတ်လည်၊ ကွန်ကရစ်ခင်း၊ သွပ်မိုးပျင်ကာ) အိမ်တစ်လုံး၊ (၁၅ ပေ ပတ်လည်ခန်း မြေစိုက်၊ သွပ်မိုး၊ ထရံကာ) မီးဖိုဆောင်တစ်လုံးနှင့် စပါးကျီတစ်လုံး အပါအဝင် ၎င်းအိမ်နှင့်ကပ်လျက်ရှိ ဦးဇော်ဆိုင်း၏ (မြေစိုက်၊ သက်ငယ်မိုး၊ ထရံကာ၊ ဝါးကြမ်းခင်း) အိမ်တစ်လုံး မီးလောင်ပျက်စီးခဲ့ကြောင်း မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ သိရသည်။


MDN

 

123

 

12