မန်စီးတီးအသင်းနဲ့ နယူးကာဆယ်အသင်းတို့ မေ ၈ ရက် ညပိုင်းက ယှဉ်ပြိုင်ကစားခဲ့တဲ့ ပရီမီယာလိဂ် ပွဲစဉ်မှာ မန်စီးတီးအသင်းက နယူးကာဆယ်အသင်းကို ငါးဂိုးပြတ်နဲ့ အနိုင်ရရှိခဲ့တာကြောင့် ပရီမီယာလိဂ်အမှတ်ပေးဇယားထိပ်မှာ သုံးမှတ်ဖြတ်ကာ ဦးဆောင်ခွင့်ရရှိခဲ့ပြီဖြစ်ပါတယ်။
အဲဒီပွဲစဉ်မှာ မန်စီးတီးအသင်းအတွက် သွင်းဂိုးတွေကို ပွဲကစားချိန် ၁၉ မိနစ်နဲ့ နာကျင်အချိန်ပို သုံးမိနစ် တို့မှာ စတာလင်က နှစ်ဂိုး၊ ၃၈ မိနစ်မှာ လာပေါ့တီက တစ်ဂိုး၊ ၆၁ မိနစ်မှာ ရိုဒရီကတစ်ဂိုးနဲ့ မိနစ် ၉၀ မှာ ဖိုဒန်ကတစ်ဂိုး အသီးသီးသွင်းယူပေးခဲ့တာ ဖြစ်ပါတယ်။
လက်ရှိချန်ပီယံ မန်စီးတီးအသင်းဟာ ပရီမီယာလိဂ်ဖလားရရှိရေး အပြိုင်ကြိုးပမ်းနေတဲ့ လီဗာပူး အသင်းနဲ့ စပါးအသင်းတို့ ပွဲစဉ်မှာ သရေရလဒ်ထွက်ပေါ်ခဲ့တဲ့အချိန်မှာပင် ရမှတ်တူအနေအထားမှာ ရှိနေခဲ့တာဖြစ်ပြီး နယူးကာဆယ်အသင်းကို အနိုင်ရရှိခဲ့ပြီးနောက်မှာတော့ အခုနှစ်ဘောလုံးရာသီမှာ ပရီမီယာလိဂ်ချန်ပီယံဆုဖလားကို နှစ်နှစ်ဆက်တိုက် ဆွတ်ခူးနိုင်ဖို့အခွင့်အရေး ပိုမိုနီးစပ်လာခဲ့တာ ဖြစ်ပါတယ်။
မန်စီးတီးအသင်းဟာ ပရီမီယာလိဂ်ပွဲစဉ် ၃၅ ပွဲ ကစားပြီးချိန်မှာ စုစုပေါင်းရမှတ် ၈၆ မှတ် ရရှိထားပြီး အမှတ်ပေးဇယား ဒုတိယနေရာက လီဗာပူးအသင်းက ပွဲစဉ် ၃၅ ပွဲကစားပြီးချိန်မှာ စုစုပေါင်းရမှတ် ၈၃ မှတ်ရရှိထားတာဖြစ်ပါတယ်။
ငွေကြယ်