မန်းစီးတီးအသင်းမှ ဇင်ချန်ကို အား ခေါ်ယူရန် အာဆင်နယ်အသင်း သဘောတူညီမှုရရှိ

အာဆင်နယ် အသင်းသည် မန်းစီးတီးအသင်းမှ ဇင်ချန်ကို ကို ပေါင်သန်း ၃၀ ဖြင့် ခေါ်ယူရန် သဘောတူညီမှု ရရှိပြီဖြစ်ကြောင်း သတင်းများတွင် ဖော်ပြထားသည်။

လက်ရှိတွင် အဆိုပါ ကစားသမားသည် အမေရိကန်နိုင်ငံတွင် ရာသီအကြိုခြေစမ်းပွဲများ ယှဉ်ပြိုင် ကစားရန် မန်စီးတီးအသင်းနှင့် ပူးပေါင်းလျက်ရှိကြောင်း သိရသည်။

အသက် ၂၅ နှစ်အရွယ် ယူကရိန်းကစားသမားသည် ၎င်း၏ အပြောင်းအရွှေ့ကို အပြီးသတ်နိုင်ရန် အတွက် လာမည့် ရက်အနည်းငယ်အတွင်း အင်္ဂလန်သို့ ပြန်လာဖွယ်ရှိနေသည်။

ဇင်ချန်ကိုသည် မန်စီးတီးအသင်းအတွက် ပြိုင်ပွဲအရပ်ရပ် ၁၂၈ ပွဲ ပါဝင်ကစားထားပြီး နှစ်ဂိုး သွင်းယူ ပေးထားသည်။

၎င်းသည် မန်စီးတီးအသင်းနှင့်အတူ ပရီမီယာလိဂ်ဖလား လေးကြိမ်၊ အက်ဖ်အေဖလား တစ်ကြိမ်၊ လိဂ်ဖလား လေးကြိမ် ဆွတ်ခူးရရှိအောင် စွမ်းဆောင် ပေးထားသည်။

ဇင်ချန်ကိုသည် အာဆင်နယ်အသင်းနှင့် လေးနှစ်စာချုပ်ချုပ် ဆိုဖွယ်ရှိနေပြီး ယခုလအစောပိုင်းတွင် မန်စီးတီးအသင်းမှ ဂျီးဆပ်ပြီးနောက် ဒုတိယမြောက် ရောက်ရှိလာမည်ဖြစ်သည်။

အာဆင်နယ်အသင်းသည် ယခု အပြောင်းအရွှေ့ကာလတွင် မာကွင်ဟို၊ တာနာ၊ ဗီရဲရားနှင့် ဂျီးဆပ်တို့ကို ခေါ်ယူထားပြီး ဖြစ်သည်။

အောင်ဇော်