၂၉ ဇန်နဝါရီ 


မကွေးတိုင်းဒေသကြီး မင်းဘူး (စကု) မြို့နယ်ရှိ မန်းရွှေစက်တော် ဘုရားပွဲတော်ကို ဖေဖော်ဝါရီ ၉ ရက်တွင် ဖွင့်လှစ်သွားမည်ဖြစ်ရာ မန်းရွှေစက်တော် ဘုရားပွဲတော် ကာလ မင်းဘူး- မန်းရွှေစက်တော် မော်တော်ယာဉ်လိုင်းကို ဖေဖော်ဝါရီ လဆန်းပိုင်းတွင် စတင်ပြေးဆွဲသွားမည်ဖြစ်ကြောင်း စုပေါင်းပုဂ္ဂလိက မှန်လုံယာဉ်အသင်း (မင်းဘူး) တာဝန် ရှိသူတစ်ဦးထံမှ သိရသည်။


''မင်းဘူး-ရွှေစက်တော် ခရီးစဉ်နဲ့ မန်းရွှေစက်တော်တောင်ပေါ်၊ တောင်အောက် ယာဉ်လိုင်းကို ကျွန်တော်တို့ အသင်းက  မော်တော်ယာဉ် ၅၈ စီး အသုံးပြုပြီး နေ့စဉ် အလှည့်ကျ ပြေးဆွဲသွားမှာ ဖြစ်ပါတယ်။ ယာဉ်စီးခအနေနဲ့ မင်းဘူး-ရွှေစက်တော် ခရီးစဉ်ကို  ခရီးသည် တစ်ဦးလျှင် ယာဉ်စီးခ ကျပ် ၂၅ဝဝ သတ်မှတ်ထားပြီး တောင်ပေါ်၊ တောင်အောက် ခရီးစဉ်အတွက် ခရီးသည်တစ်ဦးလျှင် ကျပ် ၅ဝဝ ကျသင့်မှာ ဖြစ်ပါတယ်။ ဒါ့အပြင် မိသားစု၊ သူငယ်ချင်းတွေနဲ့ သီးသန့်သွားချင်တဲ့ ခရီးသည်တွေ အနေနဲ့ ကားစီးလုံးငှားရမ်းချင်လည်း မင်းဘူးမြို့ကနေ မန်းရွှေစက်တော် ခရီးစဉ် တစ်ကြောင်းစာအတွက် ကျပ် ၃၅ဝဝဝ ဖြင့် ငှားရမ်းနိုင်ပါတယ်'' ဟု စုပေါင်း ပုဂ္ဂလိက မှန်လုံယာဉ်အသင်းအဖွဲ့ဝင်  ဦးခင်မောင်ညွန့်က ပြောသည်။


အဆိုပါ မော်တော်ယာဉ်လိုင်းဂိတ်သည် မင်းဘူးမြို့ မြောက်လှည်းကောက် အဝိုင်းပတ် အနီးတွင် တည်ရှိပြီး မင်းဘူးမြို့မှ နေ့စဉ် နံနက် ၆ နာရီမှ ညနေ ၅ နာရီ အထိလည်းကောင်း၊ မန်းရွှေစက်တော်ဘုရားမှ နံနက် ၆ နာရီမှ ညနေ ၄ နာရီအထိ ပြေးဆွဲသွားမည် ဖြစ်ကြောင်း သိရသည်။


ကျော်ဆန်းမြင့် (ပြန်/ဆက်)