မင်းဘူး(စကု)မြို့နယ်၊ ကြီးကန် ကျေးရွာတွင်  ကျေးလက်ဒေသဖွံ့ဖြိုးရေး ပြည်သူ့စကားဝိုင်း ကျင်းပ

မင်းဘူး ၂၇  နိုဝင်ဘာ   

 

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဉီးစီးဌာနနှင့် အခြားမိတ်ဖက် ဌာနများ ပူးပေါင်း၍ ယမန်နေ့ မွန်းလွဲ ၁ နာရီက မင်းဘူး(စကု)မြို့နယ်၊ ကြီးကန်ကျေးရွာ ဓမ္မာရုံတွင် ကျေးလက်ဒေသ ဖွံ့ဖြိုးရေး ပြည်သူ့စကားဝိုင်း (Public Talk) ကျင်းပခဲ့ကြောင်း သိရှိရသည်။

 

ရှေးဉီးစွာ ပြည်သူ့စကားဝိုင်း ဆွေးနွေးပွဲတွင် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဉီးကျော်ငွေက အဖွင့်အမှာစကား ပြောကြားပြီး ၊ မင်းဘူးခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဉီးစီးဌာန၊ ခရိုင်ဉီးစီး အရာရှိ ဒေါ်မျိုးမျိုးသွယ်က ကျေးလက်ဒေသဖွံ့ဖြိုးရေး ပြည်သူ့စကားဝိုင်း ကျင်းပရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားခဲ့သည်။

 

ထို့နောက် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဉီးကျော်ငွေက ဉီးဆောင်ဆွေးနွေးရာ  ကျေးလက်နေ ပြည်သူများမှ မိမိတို့ ကျေးရွာလိုအပ်ချက်များ ၊ အခက်အခဲများကို ပွင့်ပွင့်လင်းလင်း ဆွေးနွေးကြရန်နှင့် ရပ်ရွာပြည်သူလူထု ပူးပေါင်းဆောင်ရွက်မှသာ ကျေးရွာဖွံ့ဖြိုးတိုးတက်မည်ဖြစ် ကြောင်း ၊ ဆွေးနွေးပွဲ စကားဝိုင်းတွင် အပြုသဘော ဆောင်သည့် ဆွေးနွေးချက်များကို ပူးပေါင်းပါဝင် ဆွေးနွေးကြရန် ပြောကြားခဲ့သည်။

 

အခမ်းအနားကို ဆက်လက်ကျင်းပရာ ၊ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဉီးကျော် ငွေ၊ ခရိုင်ပြန်/ဆက် ဉီးစီးဌာန ဒေါ်မျိုးမျိုးသွယ်၊   မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ ခရိုင်ပညာရေးဌာန၊ မြို့နယ် ဆည်မြောင်း ဉီးစီးဌာန၊  ခရိုင်ကုန်းလမ်းပို့ဆောင်ရေးနှင့်ညွှန်ကြားမှုဉီးစီးဌာန၊ လူဝင်မှု ကြီးကြပ်ရေး ဉီးစီးဌာနတို့မှ တာဝန်ရှိသူများက တက်ရောက်လာသူများ၏  ဆည်ရေရရှိရေး၊ စာသင် ကျောင်းသစ် ရရှိရေး နှင့် ဆရာ/ဆရာမ ခန့်ထားပေးနိုင်ရေး၊ ကျေးရွာချင်းဆက် လမ်းရရှိရေး၊ ယာဉ်မောင်းလိုင်စင် ရရှိရေး နှင့် အခြားကျေးလက် ဒေသဖွံ့ဖြိုးရေး ကိစ္စရပ်များ နှင့် ပတ်သက်၍ သိလိုသည်များကို ဆွေးနွေး မေးမြန်းခဲ့ရာ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဉီးကျော်ငွေ နှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများက ပြန်လည် ဖြေကြားခဲ့ကြောင်း သိရသည်။

 

အဆိုပါ ကျေးလက်ဒေသဖွံ့ဖြိုးရေး ပြည်သူ့စကားဝိုင်းသို့ တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ် ဉီးကျော်ငွေ၊ ခရိုင်ပြန်/ဆက်ဉီးစီးဌာန၊ ဉီးစီးအရာရှိ ဒေါ်မျိုးမျိုးသွယ်နှင့် ဌာနဆိုင်ရာ များမှ တာဝန်ရှိသူများ၊ ခရိုင် ပြန်/ဆက်ဉီးစီးဌာနမှ ဝန်ထမ်းများ၊ ကျေးရွာအုပ်ချုပ်ရေးမှူး နှင့် ကျေးလက်နေ ပြည်သူ(၈၀)ဉီးခန့် တက်ရောက်ခဲ့ကြပြီး၊  တက်ရောက်လာသူများအား မြို့နယ် စားသုံးသူရေးရာ ဉီးစီးဌာနနှင့် ခရိုင်ကုန်းလမ်း ပို့ဆောင်ရေးနှင့် ညွှန်ကြားမှု ဉီးစီးဌာနတို့မှ လက်ကမ်း စာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရှိရသည်။

 

ကျော်စိုးဝင်း(မင်းဘူး)