မင်းဘူး ၂၃ ဇူလိုင်

 

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူး(စကု)မြို့နယ် နန်းတော်ကုန်းကျေးရွာရှိ ရေလုပ်သားအိမ်ထောင်စုများအား အိမ်ပြောင်းရွှေ့စရိတ် ထောက်ပံ့ပေးအပ်ခြင်းကို ယမန်နေ့ မွန်းလွဲ ၃ နာရီက အဆိုပါကျေးရွာရှိ ရေလုပ်သားအိမ်ထောင်စု (တိုးချဲ့ရပ်ကွက်)၌ ပေးအပ်ခဲ့ကြောင်း သိရသည်။

 

ထိုသို့ ပေးအပ်ရာတွင် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးကျော်စွမ်းရည်၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသိန်းဇော်ကံ၊ ခရိုင်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဉီးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ကေသွယ်ဝင်းတို့က ထောက်ပံ့ရခြင်းနှင့်ပတ်သက်၍ တွေ့ဆုံဆွေးနွေး ရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက် ပြောင်းရွှေ့အိမ်ထောင်စု (၇၇) စုအတွက် တစ်အိမ်ထောင်လျှင် ရေပုံး ၂ ပုံး၊ အိမ်ဆောက်ပစ္စည်းတန်ဖိုး ငွေကျပ် ၁,၀၀၀,၀၀ဝ နှင့် လူဦးရေ ၂၉၂ ဦးတို့ အတွက် ဆန်ရိက္ခာ (၇)ရက်စာ တန်ဖိုးငွေကျပ် ၆၁၃,၂၀ဝ စုစုပေါင်း ထောက်ပံ့ပေးအပ် ငွေကျပ် ၈,၃၁၃,၂၀ဝ တို့ကို ကျေးရွာနေပြည်သူများထံ လက်ဝယ်အရောက် ထောက်ပံ့ ပေးအပ်ခဲ့ကြသည်။

 

အဆိုပါကျေးရွာရှိ ရေလုပ်သားအိမ်ထောင်စုရပ်ကွက်တွင် အိမ်ထောင်စု (၇၇) စု၊ လူဦးရေ ၂၉၂ ဦးခန့် နေထိုင်ပြီး တံငါလုပ်ငန်းဖြင့်သာ အသက်မွေးဝမ်းကျောင်းပြု၍ လုပ်ကိုင်ရှာဖွေစားသောက်နေရကြောင်း သိရသည်။

 

မောင်မောင်(မင်းဘူး)

 

mdn