မင်းဘူး ၂၉  မေ


မကွေးတိုင်းဒေသကြီး၊ မင်းဘူး(စကု)မြို့နယ်အတွင်းရှိ ကျေးရွာအချို့တွင် မေလ ၂၇ ရက်နေ့က မိုးသက်လေပြင်းတိုက်ခတ်မှုများကြောင့် ပျက်စီးဆုံးရှုံးမှုဖြစ်ပွားခဲ့သော လေဘေး သင့်ပြည်သူများထံသို့ ယမန်နေ့ မွန်းလွဲပိုင်းက ထောက်ပံ့ငွေများနှင့် ကယ်ဆယ်ရေး ပစ္စည်းများကို လက်ဝယ်အရောက်ပေးအပ်ခဲ့ကြောင်း မင်းဘူးခရိုင် ဘေးအန္တရာယ်ဆိုင်ရာစီမံ ခန့်ခွဲမှုဉီးစီးဌာနမှ သိရှိရသည်။

 

လေပြင်းတိုက်ခိုက်မှုကြောင့် မင်းဘူး(စကု)မြို့နယ်အတွင်းရှိ  ကျေးရွာ ၁၂ ရွာတွင် လူနေအိမ် ၂ လုံး ပြိုလဲကာ ဓမ္မာရုံ ၁ လုံးနှင့် လူနေအိမ်အလုံး ၃၀ အမိုးလန်ပျက်စီးခဲ့ပြီး အိမ်ထောင်စုပေါင်း ၃၂ စု လေဘေးသင့်ခဲ့သည်။  

 

အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍  ဓမ္မာရုံပြင်ဆင်ရန်အတွက် ပစ္စည်းဖိုးငွေကျပ် ၅၀၀၀၀ ၊ အိမ်ထောင်စု ၃၂ စု အတွက်  အိမ်ဆောက်ပစ္စည်းတန်ဖိုးငွေကျပ် ၁၁၀၀၀၀၀ ၊ လူဉီးရေ ၁၃၉ ဉီးတို့အတွက် ဆန်ရိက္ခာ (၇)ရက်စာ ငွေကျပ် ၂၉၁၉၀၀ နှင့်  ပြိုလဲအိမ် ၂ လုံး အတွက် ပစ္စည်း ၁၆ မျိုးပါ ကယ်ဆယ်ရေးပစ္စည်းများ၊ စုစုပေါင်းထောက်ပံ့ငွေကျပ် ၁၄၄၁၉၀၀ အား လေဘေးသင့် ပြည်သူများထံသို့  မင်းဘူးခရိုင်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဉီးစီးဌာန ဒုတိယဉီးစီးမှူး ဉီးရှိုင်းသူနှင့် ကျေးရွာအုပ်ချုပ်ရေးမှူးများက ထောက်ပံ့ငွေများနှင့် ကယ်ဆယ်ရေးပစ္စည်းများအား လက်ဝယ်အရောက် သွားရောက်ပေးအပ်ခဲ့ကြောင်း သိရသည်။


    
ကျော်စိုးဝင်း၊ မောင်မောင် (မင်းဘူး)