မင်းဘူး   ဩဂုတ်   ၂၆

မကွေးတိုင်းဒေသကြီး မင်းဘူး(စကု)မြို့နယ် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီက ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ်ရေးနှင့် ကုသရေး လုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်လျက် ရှိရာတွင်  မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့က မင်းဘူး(စကု)မြို့နယ်သို့ ပေးအပ် လှူဒါန်းသော Mask ဘူး ၄၅၀၀ ၊ အခုရေ ၂၂၅၀၀၀ ကို ယမန်နေ့က စတင်ကာ ရပ်ကွက်/ကျေးရွာ အုပ်စုများရှိ အိမ်ထောင်စုများထံသို့ အခမဲ့ဖြန့်ဝေ ပေးခဲ့ကြောင်း သိရသည်။

အဆိုပါ နှာခေါင်းစည်း Mask များ အခမဲ့ ဖြန့်ဝေပေးခြင်းကို မြို့နယ်ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေး ကော်မတီဥက္ကဌ ဦးတင်မြင့်နှင့် ကော်မတီ အဖွဲ့ဝင်များက မင်းဘူးမြို့ အမှတ် ၁၊ ၂၊ ၃၊ ၄ ရှိ ရပ်ကွက်များမှ အိမ်ထောင်စု ဝင်များ၊ ဈေးများ၊ အထက (၁) ကျောင်းဝန်းထဲသို့ ပင်စင်လာရောက် ထုတ်ယူကြသော အဘိုးအဘွားများ၊ ကျောက်တန်းနှင့် ထောက်ရှာပင်စသော အနီးအနား ကျေးရွာများသို့ သွားရောက်၍ တစ်အိမ်တက် ဆင်း လိုက်လံ ဝေငှခဲ့ကြောင်း သိရသည်။

ဩဂုတ်လ ၂၅ ရက်နေ့မှ ၃၁ ရက် နေ့အထိ နှာခေါင်းစည်း Mask များ ဖြန့်ဝေပေးသွားမှာ ဖြစ်ကြောင်း မင်းဘူး(စကု)မြို့နယ် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေး ကော်မတီဥက္ကဌ ဦးတင်မြင့်က ပြောသည်။

ဇေယျာထက် (မင်းဘူး)

mdn