မင်းဘူး ၁၈ မတ်
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်း ဉီးစီးဌာနသည် မကွေးတိုင်းဒေသကြီး၊ မင်းဘူး(စကု)မြို့နယ်၊ ၂၀၁၉-၂၀၂၀ ခု၊ ဘဏ္ဍာရေးနှစ်၊ ဒုတိယသုံးလပတ်( ဇန်နဝါရီ၊ ဖေဖော်ဝါရီ၊ မတ်) အတွက် လူမှုရေးပင်စင် ထောက်ပံ့ငွေ (၃၀၀၀၀)ကျပ်ကို ထောက်ပံ့ပေးအပ်ခဲ့ကြောင်း မင်းဘူးမြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူးရုံးမှ သိရသည်။
မင်းဘူး(စကု)မြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများနှင့် အဖွဲ့ဝင်များမှ အသက်(၈၅)နှင့် အထက် ဘိုးဘွားများအား တစ်လလျှင် ထောက်ပံ့ငွေ တစ်သောင်း ကျပ်နှုန်းဖြင့် ၃ လ တစ်ကြိမ် ထောက်ပံ့ပေးအပ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ထိုသို့ ပေးအပ်ရာတွင် မင်းဘူး(စကု)မြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာများမှ အ သက်(၈၅)နှစ်အထက် ဘိုးဘွား(၇၉၁)ဉီးအတွက် စုစုပေါင်းငွေကျပ် သိန်း ၂၃၇၃၀၀၀၀ ကို သက်ကြီးလူမှုရေးပင်စင်အဖြစ် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
ကျော်စိုးဝင်း(မင်းဘူး)


