မင်းဘူး၊     ၁၅   ဒီဇင်ဘာ

 

မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် မင်းဘူး(စကု)မြို့နယ် စည်ပင်သာယာရေးနယ်နိမိတ်အတွင်း ရောင်းချနေသော စားသောက်ဆိုင်များ သတ်မှတ်စည်းကမ်းချက်များနှင့်အညီ  ရောင်းချနေမှု ရှိ/မရှိကို ဒီဇင်ဘာ  ၁၅  ရက် နံနက်ပိုင်းက သက်ဆိုင်ရာ တာဝန်ရှိသူများက လိုက်လံကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

 

mdn

 

ထိုသို့စစ်ဆေးရာတွင် မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ မြို့နယ် စည်ပင်သာယာရေးအဖွဲ့နှင့် မြို့နယ်စားသုံးရေးရာ ဦးစီးဌာနတို့မှ စစ်ဆေးရေးအဖွဲ့ဝင်များက (A) အဆင့် သတ်မှတ်ထားသော စားသောက်ဆိုင်များနှင့် လက်ဖက်ရည်ဆိုင်များအတွင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော COVID-19 ရောဂါ ကြိုတင်ကာကွယ် တာဆီးရေးဆိုင်ရာ စံသတ်မှတ်ချက်များနှင့်အညီ ပြင်ဆင်ဆောင်ရွက်ထားရှိမှု အခြေအနေများကို လိုက်လံကြည့်ရှု စစ်ဆေးခဲ့ကြသည်။

 

မင်းဘူး(စကု)မြို့နယ် စည်ပင်သာယာရေး နယ်နိမိတ်အတွင်းရှိ စားသောက်ဆိုင်ပေါင်း (၁၀၆) ဆိုင်ရှိပြီး (A) အဆင့် သတ်မှတ်ထားသော စားသောက်ဆိုင် (၆၉)ဆိုင်ကို ဒီဇင်ဘာ ၅ ရက်မှ စတင်ဖွင့်လှစ် ရောင်းချခွင့်ပြုထားပြီး အဆိုပါ စားသောက်ဆိုင်များအားလုံး သတ်မှတ်စည်းကမ်းချက်များအတိုင်း လိုက်နာဆောင်ရွက် ရောင်းချမှုရှိစေရန် အပတ်စဉ် ရှောင်တခင်စစ်ဆေးမှုများ ဆက်လက် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း မြို့နယ်စည်ပင်သာယာရေးအဖွဲ့ထံမှ သိရသည်။

 

မောင်မောင်(မင်းဘူး)