မင်းဘူး ၊ ၁၅ ဇွန်

 

မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် မင်းဘူး(စကု)မြို့နယ်တွင် ၂၀၂၁-၂၀၂၂ ပညာသင်နှစ်အတွက် အခြေခံပညာ ဦးစီးဌာနအောက်ရှိ အခြေခံပညာ အထက်တန်းအဆင့်၊ အလယ်တန်းအဆင့်နှင့် မူလတန်းအဆင့် ကျောင်းများကို ဇွန် ရက်နေ့မှစ၍ တစ်ပြိုင်တည်း ဖွင့်လှစ်သင်ကြားလျက်ရှိသည်။

 

ထိုသို့ကျောင်းများ ပြန်လည်ဖွင့်လှစ်သင်ကြားလျက်ရှိရာ ယနေ့အထိ မင်းဘူး(စကု)မြို့နယ်အတွင်းရှိ အထက်တန်း၊ အလယ်တန်း၊ မူလတန်းကျောင်းများမှာ နယ်မြေခံလုံခြုံရေး တပ်ဖွဲ့ဝင်များ၊ ရဲတပ်ဖွဲ့ဝင်များ၊ ရန်မီးသတ် တပ်ဖွဲ့ဝင်များ၊ ရပ်မိရပ်ဖများနှင့် ပညာရေးဌာနတို့ ကူညီပူးပေါင်း ဆောင်ရွက်လျက်ရှိပြီး ကျောင်းသား ကျောင်းသူများမှာ အေးချမ်းစွာ ပညာသင်ကြားလျက်ရှိကြောင်း သိရသည်။

 

မင်းဘူး(စကု)မြို့နယ်၌ ကိုယ်ပိုင်အထက်တန်းကျောင်းနှင့် ဘုန်းတော်ကြီးသင် ပညာရေးကျောင်းများပါ ဖွင့်လှစ်သင်ကြားလျက်ရာ အထက်တန်းကျောင်း ၃၄ ကျောင်း၊ အလယ်တန်းကျောင်း ၅၄ ကျောင်း၊ မူလတန်းကျောင်း ၁၄၉ ကျောင်းရှိပြီး အထက်တန်းကျောင်းတွင် ၅၄၅ ဦး၊ အလယ်တန်းကျောင်းတွင် ၁၃၉၃ ဦးနှင့် မူလတန်းကျောင်းတွင် ၂၇၂၂ ဦးဖြစ်ပြီး စုစုပေါင်း ကျောင်းသားဦးရေ ၄၆၆၀ ဦးတက်ရောက်၍ အေးချမ်းစွာ ပညာသင်ကြားလျက်ရှိကြောင်း သိရသည်။

 

ဇေယျာထက် (မင်းဘူး)

 

mdn