မင်းဘူး ၁၂ ဧပြီ

 

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စကုမြို့တွင် ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ် ထိန်းချုပ်ရေးနှင့် ကူးစက်ပျံ့နှံ့မှု မရှိစေရေးအတွက် မိဘပြည်သူများထံ နှားခေါင်းစည်း (Mask) များ အခမဲ့ဖြန့်ဝေဆောင်ရွက်ခြင်းကို ယမန်နေ့နံနက် ၉ နာရီက စကုမြို့၊ မြို့မဈေးတွင် ဖြန့်ဝေပေးခဲ့ကြောင်း သိရှိရသည်။

 

ထိုသို့ဆောင်ရွက်ရာတွင် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဝင်းဝင်း၊ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးကျော်ငွေ၊ မြို့အုပ်ချုပ်ရေးမှူး ဦးကြည်မင်း၊ စကုမြို့မရဲ စခန်းမှူး ရဲအုပ်ဗီဇာအောင်နှင့် တပ်ဖွဲ့ဝင်များ၊ လက်ထောက်မီးသတ်ဦးစီးမှူး ဦးဝေလင်းနှင့် တပ်ဖွဲ့ဝင်များ၊ စကုမြို့ဆေးရုံမှ ဒေါက်တာဝေလင်းအောင်နှင့် ဝန်ထမ်းများ ကြက်ခြေနီ တပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာဝန်ထမ်းများနှင့် ပညာဘဏ်စာကြည့်တိုက်မှ အဖွဲ့ဝင်များက ပူးပေါင်းပါဝင် ဆောင်ရွက်ခဲ့ကြပြီး၊ ကိုဗစ်-၁၉ရောဂါကြိုတင်ကာကွယ်ရေးနှင့် ပတ်သက်၍  နှာခေါင်းစည်း(Mask) အခု ၅၀ဝ နှင့် အသိပညာပေးလက်ကမ်း စာစောင်များကို စကုမြို့၊ မြို့မဈေးသို့ လာရောက်ဈေးဝယ်ယူကြသော မိဘပြည်သူများထံ အခမဲ့ဖြန့်ဝေပေးခဲ့ကြသည်။

 

ဆက်လက်၍ တာဝန်ရှိသူများက စကုမြို့ရှိ ရပ်ကွက်နှင့် ကျေးရွာများသို့ သွားရောက်၍ နိုင်ငံတော်အစိုးရမှ ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစားများအတွက် စားသောက်ကုန် (၅)မျိုး ထောက်ပံ့ပေးအပ်ကြကြောင်း သိရှိရသည်။

 

မောင်မောင် (မင်းဘူး)

 

mdn