မင်းဘူး၊ ၂၅ ဇန်နဝါရီ
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်တာဝန်ခံ (ပူးတွဲ) ပွင့်ဖြူမြို့နယ် ဦးစီးမှူး ဦးသိန်းကိုကိုထွန်း နှင့် ဒုဦးစီးမှူး ဦးသက်အောင်တို့သည် ပွင့်ဖြူမြို့နယ် အင်းမြေပုံများ ပြန်လည်ရေးဆွဲရေး ကော်မတီအဖွဲ့များနှင့်အတူ ယမန်နေ့က ပွင့်ဖြူမြို့နယ်အတွင်းရှိ အင်းမအင်းနှင့် မြိုင်ကြီးအင်းတို့အား ကွင်းဆင်းစိစစ်ပြီး အင်းမြေပုံကြမ်းထုတ်၍ တင်ပြနိုင်ရေး၊ အင်းမြေတွင် GPS ထောက်၍ တိုင်းတာခြင်း လုပ်ငန်းများဆောင်ရွက်ခဲ့သည်။
ပွင့်ဖြူမြို့နယ်အတွင်းရှိ အင်း (၇) အင်းအား ယခုအပတ်အတွင်း ပြီးစီးအောင် ကွင်းဆင်းစစ်ဆေး တိုင်းတာသွားမည်ဖြစ်ကြောင်း အင်းမြေပုံများ ပြန်လည်ရေးဆွဲရေး ကော်မတီအဖွဲ့ဝင်ထံမှ သိရသည်။
MDN


