မင်းဘူး    ၁၃   မတ်      

           

မြန်မာတစ်နိုင်ငံလုံးတွင် ၂၀၂၀-ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲကို မတ်လ ၁၁ ရက်နေ့မှ စတင်ကျင်းပ လျက်ရှိရာ မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်အတွင်းရှိ မြို့နယ်များမှ စာစစ်ဌာန(၂၈)ခုတွင် သင်္ချာဘာသာရပ်ကို ယနေ့ နံနက် ၉ နာရီ အချိန်က ကျောင်းသား/ကျောင်းသူ( ၁၄၅၄၇ )ဉီး၊ ( ၉၅ )ရာခိုင်နှုန်း  အေးချမ်းပျော်ရွှင်စွာ ဝင်ရောက် ဖြေဆိုလျက်ရှိကြောင်း မင်းဘူးခရိုင် ပညာရေးမှူးရုံးမှ သိရှိရသည်။

 

22

 

မင်းဘူးခရိုင်တွင် စာစစ်ဌာန(၂၈)ခုဖြင့် ကျင်းပလျက်ရှိရာ သင်္ချာဘာသာရပ် ဖြေဆိုသူ မင်းဘူး(စကု) မြို့နယ်ရှိ စာစစ်ဌာန(၆)ခုတွင် ကျောင်းသား/ကျောင်းသူ(၃၅၆၁)ဉီး ပွင့်ဖြူမြို့နယ်ရှိ စာစစ်ဌာန(၇)တွင် ကျောင်းသား/ကျောင်းသူ(၃၅၈၈)ဉီး၊ စလင်းမြို့နယ်ရှိ  စာစစ်ဌာန (၉)ခုတွင် ကျောင်းသား/သူ(၄၉၄၀)ဉီး၊  ငဖဲမြို့နယ်ရှိ စာစစ်ဌာန(၂)ခုတွင် ကျောင်းသား/ကျောင်းသူ(၁၃၁၃)ဉီး၊  စေတုတ္တရာမြို့နယ်ရှိ စာစစ်ဌာန (၄)ခုတွင် ကျောင်းသား/ ကျောင်းသူ (၁၁၄၅)ဉီး စုစုပေါင်း(၁၄၅၄၇)ဉီး တို့သည် အေးချမ်းပျော်ရွှင်စွာ ဖြေဆိုလျက် ရှိကြောင်း သိရပြီး ပျက်ကွက်လူဉီးရေ( ၇၈၄)ဉီး ရှိကြောင်း သိရသည်။

 

"ကျွန်မ သမီးလေးက မမျိုးပပအောင် ဖြစ်ပါတယ်၊ မြန်မာစာ၊အင်္ဂလိပ်စာ နှစ်ဘာသာကို ကောင်းမွန်စွာနဲ့ သမီးလေး ဖြေနိုင်ပါတယ်၊ သင်္ချာဘာသာရပ်ကိုလည်း ကောင်းမွန်စွာ ဖြေဆိုနိုင်လိမ့်မယ်လို့ ယုံကြည် ထားပါတယ်၊ တကယ်လည်း ကြိုးစားထားပါတယ်၊ တစ်နှစ်ထက်တစ်နှစ် မိဘတွေအနေနဲ့ကလည်း သား၊သမီးတွေကို မျှော်မှန်းထားပါတယ်၊ သား /သမီးဖြစ်စေချင်တဲ့ ဆန္ဒကိုပေါ့နော် အကောင်အထည် ဖော်ပေးပို့ ဆုံးဖြတ်ချက်ချထားပြီးလည်း ဖြစ်ပါတယ်၊ တော်ရင်တော်သလို ပံ့ပိုးကူညီရမှာက မိဘတို့ရဲ့ ဝတ္တရားပါ၊ ဆက်လက်ပြီးလည်း ပံ့ပိုးကူညီပေးသွားမှာပါ ဖြစ်ပါတယ်" ဟု ကျောင်းသား မိဘ တစ်ဉီးဖြစ်သူ ဒေါ်မိုးဆွေက ပြောသည်။

 

33

 

အဆိုပါ တက္ကသိုလ်ဝင်တန်း စာမေးပွဲ ဖြေဆိုစဉ် ကျောင်းသား/သူများ အခက် အခဲမရှိ အဆင်ပြေ ချောမွေ့စွာ ဖြေဆိုနိုင်ရေး၊ ယာဉ်အန္တရာယ်ကင်းရှင်းရေးနှင့် မီးဘေးအန္တရာယ် ကင်းဝေးစေရေး တို့အတွက် မင်းဘူးခရိုင်အတွင်းရှိ စာစစ်ဌာနများတွင် အပြင်စည်းလုံခြုံရေးအတွက် ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များ၊ ယာဉ်ထိန်းရဲတပ်ဖွဲ့ဝင်များ၊  မြို့နယ်မီးသတ် တပ်ဖွဲ့ဝင်များ၊ ကြက်ခြေနီ တပ်ဖွဲ့ဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူး လူမှုရေးအသင်းအဖွဲ့ စေတနာရှင်များမှ တာဝန်ယူ ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

 

ကျော်စိုးဝင်း(မင်းဘူး)