မင်းဘူး ၁၈ ဇွန်
ပညာရေးဝန်ကြီးဌာန၊ အခြေခံပညာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်တွင် ၂၀၁၉-၂၀၂၀ ပညာသင်နှစ်မှစပြီး အခြေခံပညာကျောင်းပေါင်း (၁၄၆) ကျောင်းအား အဆင့်တိုးမြှင့် ဖွင့်လှစ်ခဲ့ကြောင်း မင်းဘူးခရိုင် ပညာရေးမှူးရုံးမှ သိရသည်။
မင်းဘူးခရိုင်၊ မင်းဘူး(စကု) မြို့နယ်တွင် အထက်တန်းကျောင်း(ခွဲ)အဖြစ် (၁၀) ကျောင်း၊ အလယ်တန်းကျောင်းအဖြစ် (၁၂) ကျောင်း၊ အလယ်တန်းကျောင်းခွဲအဖြစ် (၃) ကျောင်း၊ မူလတန်းလွန်ကျောင်း အဖြစ် (၂) ကျောင်း၊ မူလတန်းကျောင်း(ခွဲ) အဖြစ် (၁) ကျောင်း၊ စုစုပေါင်း (၂၈) ကျောင်းအား လည်းကောင်း၊
ပွင့်ဖြူမြို့နယ်တွင် အထက်တန်းကျောင်း(ခွဲ)အဖြစ် (၁၀) ကျောင်း၊ အလယ်တန်းကျောင်းအဖြစ် (၄) ကျောင်း၊ မူလတန်းလွန်ကျောင်း အဖြစ် (၃) ကျောင်း၊ မူလတန်းကျောင်းအဖြစ် (၁) ကျောင်း၊ မူလတန်းကျောင်း(ခွဲ) အဖြစ် (၃) ကျောင်း၊ စုစုပေါင်း (၂၁) ကျောင်းအား လည်းကောင်း၊
စလင်းမြို့နယ်တွင် အထက်တန်းကျောင်းအဖြစ် (၅) ကျောင်း၊ အထက်တန်းကျောင်း(ခွဲ) အဖြစ် (၃၁) ကျောင်း၊ အလယ်တန်းကျောင်းအဖြစ် (၁၄) ကျောင်း၊ အလယ်တန်းကျောင်းခွဲအဖြစ်(၈) ကျောင်း၊ မူလတန်းလွန်ကျောင်း အဖြစ် (၁၀) ကျောင်း၊ မူလတန်းကျောင်းအဖြစ် (၂) ကျောင်း၊ မူလတန်းကျောင်း(ခွဲ) အဖြစ် (၃) ကျောင်း၊ စုစုပေါင်း (၇၃) ကျောင်းအား လည်းကောင်း၊
စေတုတ္တရာမြို့နယ်တွင် အထက်တန်းကျောင်း(ခွဲ)အဖြစ် (၉) ကျောင်း၊ အလယ်တန်းကျောင်းအဖြစ် (၂) ကျောင်း၊ မူလတန်းလွန်ကျောင်း အဖြစ် (၁) ကျောင်း၊ မူလတန်းကျောင်းအဖြစ် (၁) ကျောင်း၊ စုစုပေါင်း (၁၃) ကျောင်းအား လည်းကောင်း၊ ငဖဲမြို့နယ်တွင် အထက်တန်းကျောင်း(ခွဲ)အဖြစ် (၂) ကျောင်း၊ အလယ်တန်းကျောင်းအဖြစ် (၃) ကျောင်း၊ အလယ်တန်းကျောင်းခွဲအဖြစ်(၁) ကျောင်း၊ မူလတန်းလွန်ကျောင်းအဖြစ် (၃) ကျောင်း၊ မူလတန်းကျောင်းအဖြစ် (၂) ကျောင်း၊ စုစုပေါင်း (၁၁) ကျောင်းအား ကျောင်းအဆင့်တိုးမြှင့််ခဲ့ကြောင်း မင်းဘူးခရိုင် ပညာရေးမှူးရုံးမှ သိရသည်။
ကျော်စိုးဝင်း(မင်းဘူး)