မင်းဘူး ၁၈ မတ်
မကွေးတိုင်းဒေသကြီး မင်းခရိုင် မင်းဘူး(စကု)မြို့နယ် အားကစားနှင့်ကာယပညာဦးစီးဌာနမှ ကြီးမှူးဖွင့်လှစ်သော နွေရာသီအားကစားသင်တန်းများကို ရပ်ဆိုင်းထားမည်ဖြစ်ကြောင်း သိရသည်။
အားကစားနှင့် ကာယပညာဦးစီးဌာနမှ ကျောင်းသားကျောင်းသူ လူငယ်လူရွယ်လေးများ အားကစား၌ စိတ်ပါဝင်စားမှုရှိစေရန်နှင့် အားကစားကဏ္ဍ ဖွံ့ဖြိုးပြီး တိုးတက်လာစေရန် ရည်ရွယ်၍ နွေရာသီကျောင်းပိတ်ရက်တွင် မင်းဘူးမြို့ မိုးလုံလေလုံ အားကစားရုံနှင့် ခရိုင်အားကစားကွင်းကြီးထဲတွင် အားကစားသင်တန်းများကို အခမဲ့သင်တန်း ဖွင့်လှစ်သွားဖို့ ရည်ရွယ်ထားသော်လည်း ကိုရိုနာဗိုင်းရပ်စ် (COVID-19) ကိုကြိုတင်ကာကွယ်သည့်အနေဖြင့် သင်တန်းဖွင့်လှစ်မှုအား ရပ်ဆိုင်းထားမည်ဖြစ်ကြောင်း မြို့နယ် အားကစားမှူးထံမှသိရသည်။
"ကျွန်မတို့ နကိုက နွေရာသီ အားကစားသင်တန်းကို မတ်လ ၁၁ရက်မှ ၁၅ရက်အထိဖွင့်လှစ်သွားဖို့နဲ့ အားကစားနည်း (၇)မျိုးသင်တန်းပေးသွားဖို့ရှိပါတယ်။ ကမ္ဘာ့နိုင်ငံများတွင် ဖြစ်ပေါ်နေသည့် လတ်တလော အသက်ရှူ လမ်းကြောင်းဆိုင်ရာ ကိုရိုနာဗိုင်းရပ်စ် (COVID-19) ကိုကာကွယ်သည့်အနေဖြင့် လူစုလူဝေးများ မဖြစ်ပေါ်စေရန် နွေရာသီအားကစားသင်တန်း အခမဲ့ဖွင့်လှစ်မှုကို ရပ်ဆိုင်းထားမှာ ဖြစ်ပါတယ်"ဟုမြို့နယ် အားကစားမှူး ဒေါ်နှင်းက ပြောသည်။
ဇေယျာထက် (မင်းဘူး)


