မင်းဘူး ၇ မေ

 

မကွေးတိုင်းဒေသကြီး၊ မင်းဘူးမြို့ရှိ ခရိုင်ပြည်သူ့ဆေးရုံကြီးသို့ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ် ကုသရေးလုပ်ငန်းများတွင် အသုံးပြုရန် အသက်ရှူအထောက်အကူပြုကိရိယာကို Myanmar Kaido Co.Ltd မှ မန်နေဂျင်းဒါရိုက်တာ ဦးဇော်ညွန့်ဦးနှင့် တာဝန်ရှိသူများမှ လာရောက်လှူဒါန်းခဲ့ကြောင်း သိရသည်။

 

အဆိုပါအသက်ရှူအထောက်အကူပြုကိရိယာ၏ အသုံးဝင်ပုံနှင့် အသုံးပြုပုံ အဆင့်ဆင့်ကို ခရိုင်ပြည်သူ့ ဆေးရုံအုပ်ကြီးမှ ရှင်းလင်းပြောကြားခဲ့ပြီး တာဝန်ရှိသူများက လက်ခံရယူကာ အလှူရှင် မိသားစုအား ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်ပေးအပ်ခဲ့သည်။

 

ထို့နောက် ကိုဗစ်-၁၉ ကူးစက်မြန်ရောဂါ ကြိုတင်ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး ကာလအတွင်း ယခုကဲ့သို့ အမှန်တကယ်လိုအပ်သော အမှန်တကယ်လိုအပ်သော ကုသရေးဆိုင်ရာ အထောက်ကူပြု ဆေးရုံသုံးပစ္စည်းများကို လာရောက်လှူဒါန်းကြသည့်အတွက် များစွာအကျိုးရှိပါကြောင်း၊ ယခု အသက်ရှူအထောက်အကူပြုကိရိယာ၏ တန်ဖိုးငွေကျပ်သည် ၁၆၅ဝဝဝဝိ/- ကျပ် တန်ဖိုးရှိပါကြောင်း မင်းဘူးမြို့၊ ခရိုင်ပြည်သူ့ဆေးရုံအုပ်ကြီး ဒေါက်တာတင့်ခိုင်ထံမှ သိရသည်။

 

မောင်မောင်(မင်းဘူး)