မင်းဘူး ၁၂ အောက်တိုဘာ
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူးမြို့မဈေးကြီးအတွင်း ယနေ့နံနက် ၈ နာရီက ဈေးသာယာရေး ကော်မတီမှ ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးသုံး ပစ္စည်းများ အခမဲ့ဖြန့်ဝေခဲ့ကြောင်း သိရသည်။
မြို့မဈေးကြီးအတွင်း ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးနှင့် ကူးစက်ပျံ့နှံ့မှုမရှိစေရန် ဈေးသူ၊ ဈေးသားများနှင့် ဈေးရောင်း၊ ဈေးဝယ်များအတွက် နှာခေါင်းစည်း Mask ၁၀၀၀၊ လက်အိတ်နှစ်မျိုး အစုံ ၉၀၀၊ ခေါင်းစွပ် ၁၀၀ နှင့် Face Shield ၅၀၀ ကို မြို့မိ၊ မြို့ဖများနှင့် ဈေးကော်မတီဝင်များက အခမဲ့ ဖြန့်ဝေပေးခဲ့ကြောင်း၊ ဆက်လက်ပြီး ကိုဗစ် - ၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး အထောက်အကူပြု လုပ်ငန်းများကိုလည်း ဆက်လက်လုပ်ဆောင် သွားမည်ဖြစ်ကြောင်း ဈေးသာယာရေး ကော်မတီအဖွဲ့ဝင် ဦးမျိုးအောင်က ပြောသည်။
ထိုသို့အခမဲ့ဖြန့်ဝေပေးရာတွင် စားသောက်ဆိုင်တန်း၊ ကုန်ခြောက်တန်း၊ အသားငါးတန်း၊ ကုန်စိမ်းတန်း၊ ကုန်စုံဆိုင်တန်းနှင့် အဝတ်အထည်တန်းများတွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးသုံး ပစ္စည်း ငါးမျိုးကို အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
မောင်မောင်(မင်းဘူး)


