မင်းဘူး  ဇန်နဝါရီ ၁

မကွေးတိုင်းဒေသကြီး၊ မင်းဘူးမြို့ ခရိုင်အားကစားရုံ၌ (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အကြို အမျိုးသား သုံးယောက်တွဲ ပိုက်ကျော်ခြင်းပြိုင်ပွဲများကို ဒီဇင်ဘာ ၂၈ ရက်နေ့မှ  ၃၀ ရက်အထိ ကျင်းပခဲ့ရာ တတိယလုပွဲနှင့် ဗိုလ်လုပွဲ ပွဲစဉ်များကို ဒီဇင်ဘာ ၃၀ ရက် ညနေပိုင်းက ကျင်းပခဲ့သည်။

အဆိုပါပြိုင်ပွဲတွင် သုံးယောက်တွဲ အုပ်စုပတ်လည် ပွဲစဉ်များအဖြစ် မြို့နယ်အတွင်းရှိ ဌာနဆိုင်ရာများနှင့် Club အသင်းများ အပါအဝင် စုစုပေါင်း ၁၄ သင်း ဝင်ရောက်ယှဉ်ပြိုင်ကြကာ တတိယလုပွဲစဉ်အဖြစ် BW အသင်းနှင့် ဒဿလူငယ်အသင်း၊ ဗိုလ်လုပွဲစဉ်အဖြစ် Diamond အသင်းနှင့် ဓူဝံကြယ်အသင်းတို့ ယှဉ်ပြိုင်ကစားကြပြီး ပထမ၊ ဒုတိယ၊ တတိယ ဆုရ အသင်းများကို ဇန်နဝါရီ ၄ ရက်တွင် ဆုများချီးမြှင့် သွားမည်ဖြစ်ကြောင်း သိရသည်။

ဇေယျာထက်(မင်းဘူး)