မင်းဘူး မတ် ၁၉
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင် CPU အဖွဲ့မှ ကြီးမှူးကျင်းပသည့် အဂတိလိုက်စားမှု တားဆီးကာကွယ်ရေး အသိပညာပေးဆွေးနွေးပွဲကို ယနေ့ နံနက် ၉ နာရီက မင်းပူးဦးဩဘာသခန်းမ၌ ကျင်းပသည်။
အခမ်းအနားတွင် မင်းဘူးခရိုင် အဂတိလိုက်စားမှုတားဆီးကာကွယ်ရေးအဖွဲ့ (CPU) အဖွဲ့ခေါင်းဆောင် ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးအေးလွင်က အသိပညာပေး ဆွေးနွေးပွဲကျင်းပရခြင်းနှင့် ပတ်သက်ပြီး အဖွင့်အမှာစကား ပြောကြားသည်။
ဆက်လက်ပြီး မင်းဘူးခရိုင် အဂတိလိုက်စားမှုတားဆီးကာကွယ်ရေးအဖွဲ့ (CPU)အဖွဲ့ဝင်များ ဖြစ်ကြသော ခရိုင်ဥပဒေအရာရှိ၊ အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာနမှ ဦးစီးအရာရှိနှင့် ခရိုင်စာရင်းစစ်အရာရှိတို့က အဂတိလို က်စားမှုတိုက်ဖျက်ရေးဥပဒေ စတင်အာဏာတည်ခြင်း၊ စီရင်ပိုင်ခွင့်အာဏာနှင့် အဓိပ္ပာယ်ဖော်ပြချက်၊ ရည်ရွယ်ချက်များ၊ ပြစ်မှုနှင့် ပြစ်ဒဏ်များ၊ အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေ စစ်ဆေးရေးအဖွဲ့ ဖွဲ့စည်းခြင်းနှင့် လုပ်ငန်းတာဝန်များ၊ ဘဏ္ဍာရေးနှင့် လုပ်ထုံးလုပ်နည်းများကို မလိုက်နာသဖြင့် အဂတိမှု မြောက်သည့်အချက်များ စသည့် အကြောင်းအရာများကို အကျယ်တဝင့် အသိပညာပေး ဆွေးနွေး ပြောကြားခဲ့ပြီး တက်ရောက်လာကြသူများ၏ မေးမြန်းချက်များကို တာဝန်ရှိသူများက ပြန်လည်ရှင်းလင်း ဖြေကြားခဲ့ကြောင်း သိရသည်။
မောင်မောင်(မင်းဘူး)


