မင်းဘူး မတ် ၁၇
မကွေးတိုင်းဒေသကြီး မင်းဘူးမြို့၌ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး လက်တွေ့သရုပ်ပြလေ့ကျင့်ပညာပေးခြင်း လုပ်ငန်းများကို ယမန်နေ့က မြို့နယ်စည်ပင်သာယာရေးအဖွဲ့ရုံး၌ ဆောင်ရွက်သည်။
အသိပညာပေးဆောင်ရွက်
ထိုသို့ ဆောင်ရွက်ရာတွင် မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ အမှုဆောင်အရာရှိ ဦးနေမန်းနှင့် ခရိုင်မီးသတ်ဦးစီးမှူး ဦးထွန်းထွန်းတို့ ဦးဆောင်၍ ခရိုင်နှင့်မြို့နယ်မီးသတ်ဦးစီးဌာနမှ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များက မြို့နယ်စည်ပင်သာယာရေးအဖွဲ့ရုံးတွင် ပွင့်လင်းရာသီ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးလုပ်ငန်းများနှင့်ပတ်သက်ပြီး အသိပညာပေးဆောင်ရွက်ခြင်း၊ ဌာနဆိုင်ရာရုံး၊ အဆောက်အအုံများအတွင်း မီးဘေးလုံခြုံရေးစစ်ဆေးခြင်းများဆောင်ရွက်ပြီး ဝန်ထမ်းများအနေဖြင့် ရုံးတက်၊ ရုံးဆင်းချိန်၌ လျှပ်စစ်မီးများကို သတိပြုသုံးဆွဲရေး အကြံပြုဆွေးနွေး မှာကြားသည်။
မောင်မောင်(မင်းဘူး)


