မင်းဘူး ဇူလိုင် ၉
မကွေးတိုင်းဒေသကြီး မင်းဘူးမြို့၌ နိုင်ငံသားစိစစ်ရေးကတ်ပြားများနှင့် UID ကတ်များ ပေးအပ်ခြင်းကို ဇူလိုင် ၉ ရက် နံနက်ပိုင်းက မင်းဘူးမြို့ အမှတ်(၂) အခြေခံပညာ အထက်တန်းကျောင်းခန်းမ၌ ဆောင်ရွက်သည်။
ဦးစွာ မကွေးတိုင်းဒေသကြီး လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ တိုင်းဒေသကြီးဦးစီးမှူး ဦးရဲဇင်လတ်က နိုင်ငံသားစိစစ်ရေးကတ် ပြုလုပ်ပေးရခြင်းနှင့်စပ်လျဉ်း၍ ရှင်းလင်းပြောကြားပြီး တာဝန်ရှိသူများက ကျောင်းသား ကျောင်းသူများအား နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် UID ကတ်များ ပေးအပ်သည်။
လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူးရုံးက ကျောင်းသား ကျောင်းသူ စုစုပေါင်း ၁၁၇ ဦးအား နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် UID ကတ်များကို နေ့ချင်းပြီး ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
မောင်မောင်(မင်းဘူး)


