မင်းဘူး ၂၅ ဖေဖော်ဝါရီ
မကွေးတိုင်းဒေသကြီး ဘေးအန္တရာယ် စီမံခန့်ခွဲမှုဦးစီးဌာနမှ ကြီးမှူး၍ မြို့နယ်နှင့်ရပ်ကွက်/ ကျေးရွာ အုပ်စု ဘေးအန္တရာယ် စီမံခန့်ခွဲမှု ကော်မတီဝင်များပူးပေါင်း၍ မင်းဘူး (စကု) မြို့နယ် ကြာကန်ကျေးရွာအုပ်စု အောက်ကျောင်း ဘုရားဝန်းအတွင်း ဘက်စုံသုံး သဘာဝဘေးအန္တရာယ် ခိုလှုံနိုင်ရန် အဆောက်အဦကို တည်ဆောက် လျက်ရှိကြောင်းသိရသည်။
အဆိုပါ အဆောက်အဦကို မကွေးတိုင်းဒေသကြီး ဘေးအန္တရာယ် စီမံခန့်ခွဲမှုဦးစီးဌာန၏ ၂၀၁၉ - ၂၀၂၀ ဘဏ္ဍာနှစ် ခွင့်ပြုရန်ပုံငွေ ကျပ်သန်းပေါင်း ၁၉၂ .၀ သန်းဖြင့် ဖူးဆစ်ဆန်း ကုမ္ပဏီမှတာဝန်ယူ ဆောက်လုပ်ခြင်းဖြစ်သည်။
“ဒီအဆောက်အဦကို ကျွန်တော်တို့ကုမ္ပဏီက တာဝန်ယူ ဆောက်လုပ်တာ ဖြစ်ပါတယ်။ အလျားပေ ၇၀ဝ အနံပေ ၆၀ RCC နှစ်ထပ်ဘက်စုံသုံး မုန်တိုင်းဒဏ်ခံ အဆောက်အဦဖြစ်ပါတယ်။ ကျွန်တော်တို့ တည်ဆောက်ရခြင်း ရည်ရွယ်ချက်ကတော့ မင်းဘူး (စကု) မြို့နယ်အတွင်းရှိ ရပ်ကွက်နှင့် ကျေးရွာလူထုများ မီးဘေး၊ ရေဘေး၊ လေဘေး သဘာဝဘေးအန္တရာယ်များ၊ ဘေးကင်းလုံခြုံစေရေး၊ ဘေးအန္တရာယ်ကြောင့် ထိခိုက်မှု လျှော့ပါးသက်သာစေရေးအတွက် ရည်ရွယ်၍ ဘက်စုံသုံး သဘာဝဘေးအန္တရာယ် ခိုလှုံနိုင်ရန်အဆောက်အဦကို တည်ဆောက်ခြင်း ဖြစ်ပါတယ်” ဟု ဖူးသစ်ဆန်း ကုမ္ပဏီမှအုပ်ချုပ်မှု ဒါရိုက်တာ ဦးထွန်းထွန်းဦးမှပြောပြသည်။
ဇေယျာထက် (မင်းဘူး)


