နေပြည်တော်၊ ၂၁ ဇွန်
မကွေးတိုင်းဒေသကြီး၊ မင်းဘူးမြို့နယ်၊ ဧရာဝတီတံတား(မင်းဘူး)ဘက်ခြမ်းရှိ တံတားတိုင် အမှတ် P(12/13)အကြား၌ ဇွန်လ ၂၀ ရက် ညနေ ၄ နာရီ ၅၅ မိနစ်က မင်းဘူးမြို့ ဘက်မှ မကွေးမြို့ဘက်သို့ မကွေးမြို့၊ အောင်စေတနာရပ်ကွက်နေ ဘိုဘိုအောင်(၂၈)နှစ် မောင်းနှင်လာသည့် ၁၂ဟ/xxxx သုံးဘီးဆိုင်ကယ်သည် ဝါယာရှော့ဖြစ်ပြီး မီးလောင်ကျွမ်းခဲ့သည်။
မီးလောင်ရာသို့ မကွေးမြို့နယ်မီးသတ်ဦးစီးဌာနမှ တပ်ဖွဲ့ဝင်များက သွားရောက် ငြှိမ်းသတ်ခဲ့ရာ ၁၅ မိနစ်ခန့်အကြာတွင် မီးငြိမ်းသွားခဲ့ကြောင်းနှင့် မီးလောင်မှုကြောင့် သုံးဘီးဆိုင်ကယ် မီးလောင်ပျက်စီးခဲ့ပြီး လူ/တိရစာ္ဆန် ထိခိုက်မှုမရှိကြောင်း သတင်းရရှိသည်။
(ရဲပြန်ကြား)