နေပြည်တော် ၁၂ ဖေဖော်ဝါရီ

 

မကွေးတိုင်းဒေသကြီး၊ မင်းဘူးမြို့နယ်၊ ရွာသာကျေးရွာ ရှင်ပင်ကြောင်လိမ်ဘုရား၌ ဖေဖော်ဝါရီ ၁၁ ရက် နံနက် ၈ နာရီက တရားပွဲပြုလုပ်ရန်အတွက် ဂေါပကအဖွဲ့ဝင် ဦးသိန်းလွင်ပါ ၅ ဦးမှ သာသနာ့အလံ စိုက်ထူရန် အဆိုပါဘုရား၏ တောင်ဘက် ကိုက် ၅၀ ခန့်အကွာတွင် မြေကျင်းတူးနေစဉ် ရှေးဟောင်း ပစ္စည်းများဖြစ်သော အချင်း ၃ လက်မခွဲ၊ အမြင့် ၇ လက်မခန့် စဉ့်အိုးအသေး ၂ လုံး၊ အချင်း ၈ လက်မ၊ အမြင့် ၁၁ လက်မခန့် မြေအိုးအကွဲ ၁ လုံးနှင့် ၎င်းမြေအိုးအတွင်းမှ ကြေးခေါင်းလောင်း ၅ လုံးတို့အား တွေ့ရှိခဲ့ကြောင်းနှင့် အဆိုပါပစ္စည်းများအား ရှေးဟောင်းသုတေသနဦးစီးဌာနသို့ အပ်နှံရန် စီစဉ်လျက်ရှိကြောင်း သတင်းရရှိသည်။

 

5

 

ရဲပြန်ကြား