မင်းဘူး  ၂၀   မတ် 

 

မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် မင်းဘူးမြို့နယ်  ဇီးဖြူကုန်းကျေးရွာရှိ ကျေးလက်နေပြည်သူများ သောက်သုံးရေဖူလုံစွာ ရရှိရေးနှင့် နွေရာသီကာလ သောက်သုံးရေပြတ်လပ်မှုမရှိစေရေးအတွက် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနက စက်ရေတွင်းတူးဖော်ခြင်းနှင့် ဆက်စပ်လုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိသည်။

 

ဇီဖြူကုန်းကျေးရွာ ရေရရှိရေးလုပ်ငန်းအတွက် အနက်ပေ ၃၀ဝ ခန့်ရှိ ၄ လက်မ စက်ရေတွင်း တူးဖော်ခြင်း၊ ဂါလန် ၂၄ဝဝ ဆံ့ စင်မြင့်ရေစင်တည်ဆောက်ခြင်းလုပ်ငန်းတို့ကို ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာန ယခုဘဏ္ဍာနှစ် ရန်ပုံငွေကျပ် ၁၂ ဒသမ ၇၁၈၅ သန်းဖြင့် တင်ဒါအောင်မြင် သော လင်းမြတ်မင်းကုမ္ပဏီမှ တာဝန်ယူဆောင်ရွက်နေခြင်းဖြစ်ကြောင်း သိရသည်။

 

ယခုအခါလုပ်ငန်းများ ၆၅ ရာခိုင်နှုန်း ပြီးစီးနေပြီဖြစ်၍ လုပ်ငန်းများအားလုံးဆောင်ရွက်ပြီးပါက အဆိုပါ ကျေးရွာရှိ အိမ်ခြေ ၁၅၅ အိမ်၊ လူဦးရေ ၆၈၀ ဦးအား အကျိုးပြုသွားမည်ဖြစ်ကြောင်း မင်းဘူးမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးအောင်ဘုန်းလင်းက ပြောပြ၍ သိရသည်။

 

သူရိန်(မင်းဘူး)