နိုဝင်ဘာလ ၁၈ ရက်
ကျေးလက်နေ တောင်သူများမှ စိုက်ပျိုးထုတ်လုပ်သည့် ဆန်စပါးများရောင်းချရာတွင် အခက်အခဲမဖြစ်စေရန်အတွက် သမဝါယမကဏ္ဍမှ စပါးဝယ်ယူရေးလုပ်ငန်းများကို သမဝါယမ အသင်းအချင်းချင်း ချိတ်ဆက်ဆောင်ရွက်လျက်ရှိရာ မကွေးတိုင်းဒေသကြီး၊ မင်းဘူးမြို့နယ် သမဝါယမအသင်းစုမှ နမ္မဒါမျိုးစေ့ထုတ်သမဝါယမအသင်းသားများ စိုက်ပျိုးထုတ်လုပ်သော မနောသုခမျိုး စပါးတင်း ၅၀၀ ကို တစ်တင်းလျှင် ငွေကျပ် ၆၀၀၀နှုန်းဖြင့် ဝယ်ယူ သိုလှောင်ပြီး စိုက်ပျိုးထုတ်လုပ်မည့် တောင်သူများထံ ကာလပေါက်ဈေးထက် သက်သာသော ဈေးနှုန်းများဖြင့် ပြန်လည်ဖြန့်ဖြူး ရောင်းချသွားမည်ဖြစ်ကြောင်း သိရသည်။
သမဝါယမဦးစီးဌာန


