နေပြည်တော် ၁၄ ဒီဇင်ဘာ
မကွေးတိုင်းဒေသကြီး၊ မင်းဘူးမြို့နယ်၊ ကံသစ်ကြီးကျေးရွာနှင့် ကံကုလားကျေးရွာကြား၌ ဒီဇင်ဘာ ၁၃ ရက် ညနေ ၄ နာရီက ယာဉ်တိမ်းမှောက်မှုဖြစ်ပွားကြောင်း သတင်းအရ စကုနယ်မြေရဲစခန်းမှ တပ်ဖွဲ့ဝင်များက သက်သေများနှင့်အတူ သွားရောက်စစ်ဆေးခဲ့ကြောင်း သိရသည်။
စစ်ဆေးချက်များအရ ရေနံချောင်းမြို့နယ်၊ ဝက်ဝံကျေးရွာနေဌေးဝင်း (၅၁)နှစ်မောင်းနှင်ပြီး ခရီးသည် ၁၅ ဦး လိုက်ပါလာသော 8A/xxxx ဒိုင်နာယာဉ်သည် အခင်းဖြစ်နေရာအရောက် မျက်နှာချင်းဆိုင်မှ မောင်းနှင်လာသော ဆိုင်ကယ် ၂ စီးအား ရှောင်တိမ်းစဉ် အရှိန်မထိန်းနိုင်ဘဲ လမ်းဘေးရှိ မဲဇလီပင်အား ဝင်ရောက်တိုက်မိကာ ယာဉ်တိမ်းမှောက်ခဲ့ကြောင်း၊ ယာဉ်ပေါ်ပါ ခရီးသည် ၁၅ ဦးအနက်မှ ဌေးဝင်းပါ(၉)ဦးတွင် ဒဏ်ရာများရရှိခဲ့ပြီး ဌေးဝင်းအား စကုနယ်မြေရဲစခန်းမှ အမှုဖွင့်အရေးယူထားကြောင်း ရဲတပ်ဖွဲ့ သတင်းထုတ်ပြန်ချက်အရ သိရှိရသည်။
MDN


