မင်းဘူး   ၁  မတ်

မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် မင်းဘူးမြို့နယ်ရှိ လက်ခုပ်ပင်ကျေးရွာနှင့် မန်းကောက်ကျေးရွာတို့တွင် ကျေးလက်ကုန်ထုတ်လမ်းများ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ထိုသို့ ဖောက်လုပ်ရာတွင် လက်ခုပ်ပင်ကျေးရွာတွင် ကုန်ထုတ်လမ်း အရှည်ပေ ၅၈၈၀၊ အကျယ် ၁၂ ပေ၊ ထု ၁ ပေ ၉ လက်မရှိ ကျောက်ရောမြေတင်ခြင်း၊ မြေနီကျောက်စရစ်ခင်းခြင်း၊ အဆိုပါလမ်းပေါ် အရှည်ပေ ၂၀ ရှိ ကွန်ကရစ် တံတား ၁ စင်း၊ ရေပြွန် ၆ စင်း တည်ဆောက်ခြင်းနှင့် မန်းကောက်ကျေးရွာ ကုန်ထုတ်လမ်းအဖြစ် အရှည်ပေ ၈၆၀၀၀၊ အကျယ် ၁၂ ပေ၊ ထု ၁ ပေ ၉ လက်မရှိ မြေနီကျောက်စရစ်ခင်းခြင်း၊ အဆိုပါလမ်းပေါ်ရှိ Box Culvert ၁ စင်းနှင့် ရေပြွန် ၆ စင်း တည်ဆောက်ခြင်းတို့ကို ယခုဘဏ္ဍာနှစ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ခွင့်ပြုရန်ပုံငွေ ကျပ် ၁၀၅ ဒသမ ၀၉၂ သန်းဖြင့် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ယခုအခါ လုပ်ငန်းဆောင်ရွက်မှု ၈၀ ရာခိုင်နှုန်း ဆောင်ရွက်ပြီးစီးဖြစ်ကာ လုပ်ငန်းများဆောင်ရွက်ပြီးစီးပါက ယင်းကျေးရွာ ၂ ရွာနှင့် အနီးပတ်ဝန်းကျင် ကျေးရွာ ၄ ရွာတို့ရှိ လယ်ယာစိုက်ပျိုးဧက ၁၂၀၀ ခန့်မှ ထွက်ကုန်သီးနှံများအား စျေးကွက်သို့ လျင်မြန်စွာ တင်ပို့ရောင်းချနိုင်တော့မည်ဖြစ်ကြောင်း မင်းဘူးမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးအောင်ဘုန်းလင်းထံမှ သိရသည်။

သူရိန်(မင်းဘူး)

 

ab