မင်းဘူး ၁၃ မတ်  

     

မြန်မာတစ်နိုင်ငံလုံး၌ ၂၀၁၉ခုနှစ် တက္ကသိုလ်ဝင်စားမေးပွဲကို မတ်လ(၆) ရက်နေ့မှ စတင်ဖြေဆိုလျက်ရှိရာ မကွေးတိုင်းဒေသကြီး၊ မင်းဘူး(စကု) မြို့နယ်တွင် တက္ကသိုလ်ဝင်စာမေးပွဲ ယနေ့နောက်ဆုံးဘာသာရပ် ဝင်ရောက်ဖြေဆိုသူ (၃၂၃၃) ဦးရှိကြောင်း မင်းဘူး(စကု) မြို့နယ် ပညာရေးမှူးရုံးမှ သိရသည်။

 

2332019

 

မင်းဘူး(စကု) မြို့နယ်အတွင်း အထက(၁) မင်းဘူး၊ အထက(၂) မင်းဘူး၊ အထက(ခွဲ) မြို့မ၊ အထက-မုန်တောင်၊ အထက-ရွာသာယာ၊ အထက-စကု စသည့်စာစစ်ဌာန(၆)ခုတို့၌ နောက်ဆုံးဘာသာရပ်များဖြစ်သည့် ဇီဝဗေဒဘာသာရပ်နှင့် ဘောဂဗေဒဘာသာရပ် ဖြေဆိုသူ ကျောင်းသား(၁၄၅၁) ဦး၊ ကျောင်းသူ(၁၇၈၂) ဦး၊ စုစုပေါင်း (၃၂၃၃) ဦးရှိပြီး ရာခိုင်နှုန်းအနေဖြင့် (၉၅.၄၀) ရာခိုင်နှုန်းဖြစ်၍ ပျက်ကွက်သူဦးရေ(၁၅၆) ဦး ရှိကြောင်း သိရသည်။

 

အဆိုပါ ကျောင်းသား/သူများ အခက်အခဲမရှိ အဆင်ပြေချောမွေ့စွာ ဖြေဆိုနိုင်ရေးအတွက် စာစစ်ဌာနများ တွင် အပြင်စည်းလုံခြုံရေးအတွက် မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ရဲတပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များ၊ ယာဉ်ထိန်းရဲတပ်ဖွဲ့ဝင်များ၊ ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများမှ တာဝန်ယူပူးပေါင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

 

မျိုးမြတ်(မင်းဘူး)

 

2342019