မင်္ဂလာဒုံ   ၇   ဇန်နဝါရီ


ရန်ကုန်မြောက်ပိုင်းခရိုင် မင်္ဂလာဒုံမြို့နယ်အတွင်း စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန စားသုံးသူရေးရာဦးစီးဌာနက စားသုံးသူအကာကွယ်ပေးရေးနှင့် 'စားသုံးသူများ လုံခြုံစိတ်ချမှုရှိစေရန်' ဟူသော မျှော်မှန်းချက်နှင့်အညီ စားသုံးသူအကာကွယ်ပေးရေးအကြောင်း သိကောင်းစရာများကို ကျောင်းသားကျောင်းသူများ သိရှိစေရန် ရည်ရွယ်၍ ယနေ့နံနက်ပိုင်းက မင်္ဂလာဒုံမြို့နယ် အမှတ်(၁)အခြေခံပညာမူလတန်း ကျောင်း၌ ဆွေးနွေးဟောပြောခဲ့သည်။

 

IMG_20190107_103628


ရှေးဦးစွာ အ.မ.က(၁)မှ ကျောင်းအုပ်ဆရာမကြီး ဒေါ်ယဉ်ယဉ်ခိုင်က အဖွင့်အမှာ စကားပြောကြားပေးခဲ့ပြီး စားသုံးသူရေးရာဦးစီးဌာန၊ မြောက်ပိုင်းခရိုင် ဦးစီးမှူးရုံးမှ  ဒုကြီးကြပ်ရေးမှူး ဒေါ်ကေခိုင်မျိုးထွန်းက စားသုံးသူအကာအကွယ်ပေးရေးအကြောင်း သိကောင်းစရာများကိုလည်းကောင်း၊ အကြီးတန်းစာရေး ဒေါ်နီလာဦးက တိုင်ကြားမှုများ၊ စားသုံးသူများ၏ အခွင့်အရေးနှင့် အရေးယူဆောင်ရွက်မှုများကိုလည်းကောင်း ဆွေးနွေးခဲ့ပြီး ကျောင်းသားကျောင်းသူများအသိပညာ ဗဟုသုတများ ရရှိစေရန်  လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။


စိုင်းကိုကို(ပြန်/ဆက်)