မင်္ဂလာဒုံ ၁၇ မတ်
ရန်ကုန်မြောက်ပိုင်းခရိုင်၊ မင်္ဂလာဒုံမြို့နယ်၊ အနန်းပင်ရပ်ကွက်၊ ဝေဘာဂီဘူတာတွင် ယနေ့နံနက် ၁၁ နာရီက ဝက်သက်နှင့် ဂျိုက်သိုး ကာကွယ်ဆေးထိုးခြင်းကို မင်္ဂလာဒုံမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ကွင်းဆင်းဆောင်ရွက်ခဲ့သည်။
အဆိုပါ ကာကွယ်ဆေးထိုးခြင်းလုပ်ငန်းတွင် မြို့နယ်ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှ ကျန်းမာရေးမှူး ဒေါက်တာဒေါ်ဝင်းဝင်းမာ ဦးဆောင်၍ ကျန်းမာရေးဝန်ထမ်းများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် ရာအိမ်မှူး ဆယ်အိမ်မှူးများက အသက် ၉ လမှ ၁၅ နှစ်အောက် ကလေးငယ်များအား ဝက်သက်နှင့် ဂျိုက်သိုးရောဂါ ကာကွယ်ဆေး ထိုးနှံပေးခြင်းလုပ်ငန်းများကို ပူးပေါင်းပါဝင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
စိုင်းကိုကို(ပြန်/ဆက်)
