ရန်ကုန်     ဧပြီ     

 

ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ ဥက္ကဋ္ဌ မြို့တော်ဝန် ဦးဗိုလ်ဌေးနှင့် သယံဇာတရေးရာ ဝန်ကြီး ဦးဇော်ဝင်းတို့သည် ဒုတိယဥက္ကဌ ဒုတိယမြို့တော်ဝန်၊ အတွင်းရေးမှူး၊ ကော်မတီဝင်များ၊ တာဝန်ရှိသူများနှင့်အတူ ဧပြီ ၁ ရက် နံနက်ပိုင်းက ကမာရွတ်မြို့နယ် ဗဟိုလမ်းရှိ နာနတ်တော စည်ပင်သာယာ ရဲတပ်ဖွဲ့(ရန်ကုန်) အိမ်ရာဝင်း၌  ရွေ့လျားဈေးကား (Mobile Market) စနစ်ဖြင့် ရောင်းချပေးနေမှုကို ကြည့်ရှုစစ်ဆေးသည်။

 

ထို့နောက် မြို့တော်ဝန်နှင့်အဖွဲ့သည် မင်္ဂလာဒုံမြို့နယ် ခရေပင်လမ်းဆုံမှ တညင်းကုန်းလမ်းဆုံအထိ ခရေပင်လမ်းတစ်လျှောက် သန့်ရှင်းသာယာ သပ်ရပ်ရေး ဆောင်ရွက်နေမှုကို ကြည့်ရှုစစ်ဆေးပြီး လူသွားစင်္ကြံ စက်ဘီးလမ်းနှင့် ယာဉ်ရပ်နားရန်နေရာ ပြုလုပ်ပေးရန်၊ မြက်စိုက်၍ မြေယာရှုခင်း ဆောင်ရွက်ပေးရန်၊ လမ်းတစ်လျှောက် ရေစီးရေလာကောင်းမွန်ရေးနှင့် သန့်ရှင်းသာယာသပ်ရပ်ရေး ဆောင်ရွက်ရန် မှာကြားသည်။

 

ထို့မှတစ်ဆင့် အမှတ်() တပ်မတော်ဆေးရုံကြီးနှင့် တပ်မတော်ဆေးတက္ကသိုလ်အကြား မင်္ဂလာကန်သို့ သွားရောက်၍ ရေစုကန်မြေထိန်းနံရံ တည်ဆောက်ပြီးစီးမှု၊ အားကစားကိရိယာများ တပ်ဆင်ထားရှိမှု၊ လှေကားနှင့် လမ်းပြုလုပ်ပြီးစီးမှု၊ ကန်ပေါင်ပေါ်တွင် ကွန်ကရစ်လူသွားစင်္ကြံ စက်ဘီးလမ်း ဆောင်ရွက်ပြီးစီးမှု၊ ခုံတန်းနှင့် လျှပ်စစ်မီးတိုင်များ တပ်ဆင်ထားရှိမှု၊ ရေထိန်းတံခါး တပ်ဆင်ထားရှိမှုနှင့် စိမ်းလန်းစိုပြည်ရေးလုပ်ငန်းများ ဆောင်ရွက်နေမှုတို့ကို ကြည့်ရှုစစ်ဆေးပြီး ကန်မျက်နှာစာ အုတ်ရေမြောင်း ပြုလုပ်၍ အုတ်ရေမြောင်းနှင့် ကားလမ်းအကြား မြေယာရှုခင်းနှင့် ယာဉ်ရပ်နားရန်နေရာ ပြုလုပ်ပေးရန်၊  ကန်ရေပြင် သန့်ရှင်းကြည်လင်ရေးနှင့် စိမ်းလန်းစိုပြည်ရေး စဉ်ဆက်မပြတ် ဆောင်ရွက်ရန် မှာကြားပြီး လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးသည်။

 

ထို့နောက် မြို့တော်ဝန်သည် မြို့တော်ခန်းမ ရန်ကုန်မြို့တော် မဟာသင်္ကြန်မဏ္ဍပ်ရှိ ဖျော်ဖြေရေး မဏ္ဍပ်နှင့် ရေကစားမဏ္ဍပ်များ တည်ဆောက်နေမှု၊ ရေပေးဝေရန် ရေပိုက်လိုင်းများ တပ်ဆင်နေမှုနှင့် မဏ္ဍပ်ဝန်းကျင် လုံခြုံရေးအတွက် စီမံဆောင်ရွက်ထားမှုများကို ကြည့်ရှုစစ်ဆေးပြီး အများပြည်သူ စိတ်အေးချမ်း ပျော်ရွှင်စွာ ဆင်နွှဲနိုင်ရေးအတွက် လုံခြုံရေးကို အထူးဂရုပြု ဆောင်ရွက်ရန် မှာကြားသည်။

 

သတင်းစဉ်