ရန်ကုန် ဒီဇင်ဘာ ၁၃

ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီသည် ရန်ကုန်မြို့၏ အဓိကလမ်းမကြီးများ တစ်လျှောက် သန့်ရှင်းသာယာသပ်ရပ်ရေးကို ဦးစားပေးဆောင်ရွက်လျက်ရှိရာ ယနေ့နံနက် ပိုင်းက ဒုတိယဥက္ကဋ္ဌ(ဒုတိယမြို့တော်ဝန်) ဦးညီညီ သည် အတွင်းရေးမှူး ဦးညွန့်ဖေ၊ ကော်မတီ ဝင်များ၊ ဌာနမှူးများနှင့်အတူ နံနက် ၇ နာရီခွဲတွင် မင်္ဂလာဒုံမြို့နယ်၊ ပြည်လမ်း၊ ခရေပင် လမ်းဆုံသို့ သွားရောက်၍  ခရေပင်လမ်းဆုံမှ မင်္ဂလာဒုံဈေးအထိ ပြည်လမ်းတစ်လျှောက် မြက်ပင်ချုံနွယ်များ ရှင်းလင်းနေမှု၊ ဖြူနီကြားလူသွားစင်္ကြံကတ်တုံးများရှိ ရေညှိများ တိုက်ချွတ် ဆေးကြော ရေဆေးနေမှု၊ လမ်းလယ်ကျွန်း မြက်များ ဖြတ်ညှိပုံသွင်းနေမှုနှင့် အမှိုက်များ၊ သဲ၊ ခဲများ၊ သစ်ရွက်ခြောက်ကြွေများ လှဲကျင်းရှင်းလင်းနေမှုတို့ကို ကြည့်ရှု စစ်ဆေးပြီး လိုအပ် သည်များ မှာကြားသည်။

ထို့နောက် ဒုတိယမြို့တော်ဝန်နှင့် အဖွဲ့သည် ပြည်လမ်းနှင့် နွယ်ခွေလမ်းဆုံသို့ သွားရောက်၍ မြက်ပင်ချုံနွယ်များ ရှင်းလင်းနေမှု၊ အရိပ်ရပင်များ၏ အုပ်မိုးကိုင်းများ ခုတ်၍ ဖြတ်ညှိပုံသွင်းနေမှု၊ လမ်းလယ်ကျွန်းတြိဂံ ပြုလုပ်ဆောင်ရွက်နေမှုတို့ကို ကြည့်ရှုစစ်ဆေးပြီး လမ်းလယ်ကျွန်းတြိဂံအား InterLock ခင်းကျင်းရန် မှာကြားသည်။

ယင်းနောက် ဒုတိယမြို့တော်ဝန်နှင့်အဖွဲ့သည် ပြည်လမ်းနှင့် လှော်ကားလမ်းဆုံ ကျွန်းတော တြိဂံသို့ သွားရောက်၍ ကျွန်းတောအတွင်း မလိုအပ်သည့် အဆောက်အဦများ ဖယ်ရှား ရှင်းလင်းရေးနှင့် သန့်ရှင်းသာယာသပ်ရပ်ရေးအတွက် သက်ဆိုင်ရာဌာနများနှင့် ပေါင်းစပ် ညှိနှိုင်း  ဆောင်ရွက်ရန် မှာကြားပြီး ထောက်ကြန့်လမ်းဆုံရပ်ကွက်၊ ပြည်လမ်း ဘေးတွင် မြက်ပင်ချုံနွယ်များ ရှင်းလင်းနေမှု၊ အုပ်မိုးကိုင်းများခုတ်၍ အလင်းဖွင့်နေမှု၊ သစ်ရွက်ခြောက်ကြွေများ လှဲကျင်းရှင်းလင်းနေမှုတို့ကို ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ မှာကြားဖြည့်ဆည်း ဆောင်ရွက် ပေးခဲ့ကြောင်း သိရသည်။

သတင်းစဉ်