မင်္ဂလာဒုံမြို့နယ် ပြည်သူ့စာကြည့်တိုက်၌ လူငယ်နှင့် အလုပ်အကိုင်အခွင့်အလမ်း ဟောပြောဆွေးနွေးပွဲကျင်းပ

မင်္ဂလာဒုံ  ၁၅  စက်တင်ဘာ 

ရန်ကုန်မြောက်ပိုင်းခရိုင်၊ မင်္ဂလာဒုံမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ပြည်သူ့ စာကြည့်တိုက် လူထုအခြေပြုဗဟိုဌာနခန်းမ၌  စက်တင်ဘာ ၁၅ ရက်နေ့ မွန်းတည့် ၁၂ နာရီအချိန်က M Hospitality & Tourism Institute (MHTi)မှ လူငယ်များ အလုပ်အကိုင်အခွင့်အလမ်းများရရှိ၍ အသက်မွေးဝမ်းကျောင်းမှုပြုနိုင်ရန် ရည်ရွယ်၍ “လူငယ်နှင့် အလုပ်အကိုင်အခွင့်အလမ်း” ဟောပြောဆွေး နွေးပွဲ ကျင်းပခဲ့သည်။

အဆိုးပါဆွေးနွေးဟောပြောပွဲ၌ ရှေးဦးစွာ မင်္ဂလာဒုံမြို့နယ် အမျိုးသားလွတ်တော် ကိုယ်စားလှယ် ဒေါ်နော်လှလှစိုးက အဖွင့်အမှာစကားပြောကြားခဲ့ပြီး M Hospitality & Tourism Instituteမှ ကျောင်းအုပ်ဆရာကြီး ဆရာအောင်မြစိုးက ဟိုတယ်လုပ်ငန်းများအကြောင်း ရှင်းလင်းပြောကြားခဲ့သည်။ ဆက်လက်ပြီး Voacation Skill Devel opment Program(VSDP)မှ  ဆရာမဒေါ်မင်းအေးက အသက်မွေးဝမ်းကျောင်းမှုဆိုင်ရာ အလုပ်အကိုင် အခွင့်အလမ်းများအကြောင်း ဆွေးနွေးဟောပြောပြီး တက်ရောက်လာသော လူငယ်များမှ သိလိုသည်များကို ပြန်လည်မေးမြန်းခဲ့သည်။ထို့နောက်  ဟိုတယ်လုပ်ငန်းလေ့ကျင့်ရေး လုပ်ငန်းစဉ်(Hotel Training) ပို့ချမည့်ဧည့်ဝန် ဆောင်မှုဆိုင်ရာ အခမဲ့သင်တန်းသို့ တက်ရောက်နိုင်ရန် လျှောက်လွှာပုံစံများကို မင်္ဂလာဒုံမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ မြို့နယ်ပြည်သူ့စာကြည့်တိုက်၌ လာရောက်ထုတ်ယူနိုင်ပြီး အမှတ်(၆၄၇)၊ မြကန်သာ(၁)လမ်း၊ အင်းလျားကန်ဘောင်ရှေ့၊ ပြည်လမ်း၊ (၅)မိုင်ခွဲ၊ ကမာရွတ်မြို့နယ်၊ ရန်ကုန်မြို့။(ဖုန်း ဝ၉-၅၀၄၄၀၆၂၊ဝ၉-၉၇၂၉၉၆၆၉၈)သို့ ဆက်သွယ်၍ လျှောက်ထားနိုင်ကြောင်း သိရသည်။     

ဆောင်းဦး(ပြန်/ဆက်)