နေပြည်တော်၊ အောက်တိုဘာ ၁၃ 

မင်္ဂလာဒုံမြို့နယ်နှင့် ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်တို့တွင် စိတ်ကြွရူးသွပ်ဆေး ပြားများ ဖမ်းဆီးရမိခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သိရသည်။ 

မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သောပူးပေါင်း အဖွဲ့သည် အောက်တိုဘာ ၁၂ ရက် မွန်းလွဲ ၂ နာရီတွင် မင်္ဂလာဒုံမြို့နယ်၊ ထောက်ကြန့်မြို့၊ ထောက်ကြန့်(မြောက်ပိုင်း) ရပ်ကွက်၊ ရန်ကုန်-ပြည်သွားကားလမ်းတွင် လွင်မိုးအောင်(ခ)ရွှေပူး မောင်းနှင်ပြီး ဟိန်းထက်အောင်(ခ) ဖိုးသဲ နှင့် ဟိန်းသက်အောင်(ခ)ကျော်ကြီး တို့ လိုက်ပါ လာသည့် TOYOTA COROLLA FIELDER အမျိုးအစား မော်တော်ယာဉ်အား ရပ်တန့် စစ်ဆေးရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၁၀,၁၄၀  သိမ်းဆည်းရမိခဲ့ပြီး ကွင်းဆက်အရ ညနေ ၄ နာရီတွင် ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်၊ အမှတ်(၅၈)ရပ်ကွက်၊ ဦးဘသက်လမ်းတွင် စိတ်ကြွရူးသွပ်ဆေးပြားများရောင်းချပေးသူ မသင်းလဲ့လဲ့စန်း နှင့် ဇော်ဝင်းလှိုင် တို့အား စိတ်ကြွရူးသွပ်ဆေးပြား ၁၀,၀၀၀၊ TOYOTA COROLLA SALOON အမျိုးအစားမော်တော်ယာဉ် ၁ စီးတို့နှင့်အတူလည်းကောင်း  ဖမ်းဆီးရမိခဲ့သဖြင့် ၎င်းတို့အား  မူးယစ်ဆေးဝါးနှင့်စိတ်ကို ပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေအရ အရေးယူထားကြောင်း သိရသည်။

(သတင်းစဉ်)