နေပြည်တော်၊ စက်တင်ဘာ ၂၁
မင်္ဂလာဒုံမြို့နယ်နှင့် ရွှေပြည်သာမြို့နယ်တို့တွင် ငွေကျပ်သိန်း ၇၂၀၀ တန်ဖိုးရှိ စိတ်ကြွရူးသွပ် ဆေးပြား ၇ ဒသမ ၂ သိန်း သိမ်းဆည်းရမိခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သိရသည်။
မူးယစ်ဆေးဝါးတားဆီးနှိမ်နင်း ရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် စက်တင် ဘာ ၁၄ ရက် ညနေ ၆ နာရီတွင် ရန်ကုန်တိုင်းဒေသကြီး မင်္ဂလာဒုံ မြို့နယ် ချစ်တီးကုန်းရပ်ကွက် ခရေပင်ရိပ်မွန်လမ်းတွင် သတင်းအရ ဇော်မင်းထွန်း (ခ) ကိုနေ၊ သန့်ဇင်ဦး၊ ဇော်လွင်၊ ကျင်သိန်း (ခ)မောင်စိုးနှင့် အန်တောနိုတို့ငါးဦးကို Saloon ယာဉ်တစ်စီး၊ စိတ်ကြွရူးသွပ်ဆေးပြား နှစ်သိန်းနှင့်အတူ သိမ်းဆည်းရမိခဲ့ပြီး စစ်ဆေးဖော်ထုတ်ချက် အရ ည ၉ နာရီတွင် ရွှေပြည်သာမြို့နယ် အမှတ်(၃)ရပ်ကွက်ရှိ ဖမ်းမိတရားခံ သန့်ဇင်ဦး နေထိုင်သည့် နေအိမ်မှ စိတ်ကြွရူးသွပ်ဆေးပြား ၅ ဒသမ ၂ သိန်း ထပ်မံသိမ်းဆည်း ရမိခဲ့သဖြင့် စုစုပေါင်း ဒေသကာလ တန်ဖိုး ငွေကျပ်သိန်း ၇၂၀၀ တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြား ၇ ဒသမ ၂ သိန်း သိမ်းဆည်းရမိခဲ့ကြောင်း၊ သိမ်းဆည်းရမိ စိတ်ကြွ ရူးသွပ်ဆေးပြားများအား ရှမ်းပြည်နယ်(တောင်ပိုင်း) မှ ရန်ကုန်တိုင်းဒေသကြီးသို့ သယ်ဆောင်ခြင်းဖြစ် ကြောင်း သိရှိရသဖြင့် ၎င်းတို့အား ဥပဒေအရ အရေးယူထားရှိပြီး ကွင်းဆက်ပြစ်မှု ကျူးလွန်သူများအား ဆက်လက်စစ်ဆေးဖော်ထုတ် လျက်ရှိကြောင်း သိရသည်။
သတင်းစဉ်