ရန်ကုန်    ဒီဇင်ဘာ  

 

ရန်ကုန်မြောက်ပိုင်းခရိုင်၊ မင်္ဂလာဒုံမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ကူးစက်မှုနှုန်း လျှော့ချနိုင်ရေးနှင့် ရောဂါကြောင့် သေဆုံးမှုနှုန်းများ ဆက်လက်လျော့ကျလာစေရေးအတွက် စက်ရုံဝန်ထမ်းများအား ကာကွယ်ဆေး ထိုးနှံပေးလျက်ရှိရာ ဒီဇင်ဘာ ၂ ရက် နံနက်ပိုင်းက မင်္ဂလာဒုံမြို့နယ်၊ စော်ဘွား VT စက်ရုံမှ ဝန်ထမ်းများကို ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ပထမအကြိမ် ထိုးနှံပေးခဲ့သည်။

 

အဆိုပါ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ထိုးနှံပေးရာတွင် မြို့နယ်ကျန်းမာရေးဦးစီးဌာန မြို့နယ်ကျန်းမာရေးမှူး ဒေါက်တာဒေါ်ဝင်းဝင်းမာ ဦးဆောင်သည့် ကျန်းမာရေးဝန်ထမ်းများ၊ မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ မြို့နယ်ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ Volunteer များက လိုအပ်သည့် ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်း၊ ပထမအကြိမ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံပြီးကြောင်း မှတ်တမ်းစာရွက်များ ပြန်လည်ပေးအပ်ခြင်းတို့ကို ဆောင်ရွက်ပေးခဲ့သည်။

 

ထို့သို့ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးနှံပေးရာတွင် စော်ဘွား VT စက်ရုံရှိ အမျိုးသားဝန်ထမ်း ၄၃ ဦး၊ အမျိုးသမီးဝန်ထမ်း ၃၃၀ စုစုပေါင်း ၃၇၃ ဦးတို့အား ကာကွယ်ဆေးထိုးနှံပေးခဲ့ကြောင်း မြို့နယ် ကျန်းမာရေး ဦးစီးဌာနမှ သိရသည်။

 

သန္တာ(ပြန်/ဆက်)