မင်္ဂလာဒုံမြို့နယ်တွင် ဓာတ်အားလိုင်းပြတ်တောက်မှု လျော့နည်းစေရေးအတွက် ဓာတ်အားလိုင်းနှင့် မလွတ်ကင်းသော သစ်ပင်သစ်ကိုင်းများ ခုတ်ထွင်ရှင်းလင်း

 

 

မင်္ဂလာဒုံ  စက်တင်ဘာ    ၂၁

 

ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ မင်္ဂလာဒုံမြို့နယ်တွင် ဓာတ်အားလိုင်းပြတ်တောက်မှု လျော့နည်း စေရေးအတွက် ဓာတ်အားလိုင်းနှင့်မလွတ်ကင်းသော သစ်ပင်သစ်ကိုင်းများကို စက်တင်ဘာ ၂၁ ရက်နေ့ နံနက်ပိုင်းက ခုတ်ထွင်ရှင်းလင်းခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

 

ထိုသို့ဆောင်ရွက်ရာတွင် ခရေပင်လမ်းခွဲမှ အောင်ချမ်းသာလမ်းအထိ ပြည်လမ်းမကြီးတစ်လျှောက်ရှိ  ၃၃ kv လိုင်းနှင့် ၆.၆ kv လျှပ်စစ်ဓာတ်အားလိုင်းများနှင့် မလွတ်ကင်းသော သစ်ပင်သစ်ကိုင်များကို ခုတ်ထွင် ရှင်းလင်းပြီး ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ ပန်းဉယျာဉ် (မြို့နယ်နှင့် ခရိုင်)တို့မှ စနစ်တကျ စွန့်ပစ်ခြင်းများဆောင်ရွက်ပြီး ၁၅ kv Spacer များပြုပြင်ခြင်းလုပ်ငန်းများကိုလည်း ဆောင်ရွက်ခဲ့သည်။

 

အဆိုပါလုပ်ငန်းများကို ခရိုင်လျှပ်စစ်မန်နေဂျာ(အင်/ယာ) ဦးကျော်နန္ဒဝင်းက အနီးကပ်ကြီးကြပ်၍ မင်္ဒလာဒုံမြို့နယ် လျှပ်စစ် မန်နေဂျာရုံးအဖွဲ့များနှင့် ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ ပန်းဉယျာဉ် (မြို့နယ်နှင့် ခရိုင်)တို့က ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

(မြို့နယ် ပြန်/ဆက်)