နေပြည်တော် ၉ မေ

မူးယစ်တပ်ဖွဲ့စု(၄၁) ရန်ကုန်(အရှေ့)မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် မေ ၈ ရက် နံနက်ပိုင်းက မင်္ဂလာဒုံမြို့နယ်၊ ချစ်တီးကုန်းရပ်ကွက်၊ အောင်မင်္ဂလာအဝေးပြေးကားဝင်းအတွင်း၌ ဂျွန်အာယု၊ ဇော်မင်းအောင်နှင့် မသဲအိဖြူတို့အားရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၁၆၀ဝ၀ နှင့် လက်ကိုင်ဖုန်းသုံးလုံးတို့ကို သိမ်းဆည်းရမိခဲ့သည်။ 

အလားတူ မေ ၉ ရက် နံနက် ၅ နာရီတွင် မူးယစ်တပ်ဖွဲ့စု(၂၆) ပင်လောင်းမှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ပင်လောင်းမြို့၊ ရင်းမှီးရပ်ကွက်၊ ပင်လောင်း-နေပြည်တော် သွားလမ်းဆုံတွင် စိုင်းနော်မိန်း မောင်းနှင်ပြီး မနန်းဖွေးစံ လိုက်ပါလာသည့် TOYOTA HILUX အမျိုးအစား မော်တော်ယာဉ်ရောက်ရှိလာ၍ ရပ်တန့်စစ်ဆေးရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၈၀ဝ၀ဝ၀ နှင့် လက်ကိုင်ဖုန်းနှစ်လုံးတို့ကို သိမ်းဆည်းရမိခဲ့သဖြင့် ၎င်းတို့အား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေအရ အရေးယူထားကြောင်း ရဲတပ်ဖွဲ့ သတင်းထုတ်ပြန်ချက်အရ သိရှိရသည်။

MDN